မိုင်းပန်မြို့နယ်အတွင်းရှိ ဈေးဆိုင်များ၌ Covid-19 ရောဂါထပ်ဆောင်းကာကွယ်ဆေး (Booster Dose) လိုက်လံ ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းပန်မြို့နယ်အတွင်းရှိ ဈေးဆိုင်များ၌ Covid-19 ရောဂါထပ်ဆောင်းကာကွယ်ဆေး (Booster Dose) လိုက်လံ ထိုးနှံပေး





MNP ၊    ဇွန်   ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် Covid-19 ရောဂါဆက်လက် ပြန့်ပွားမှုမရှိစေရေးအတွက် မြို့နယ်အတွင်းရှိ ဈေးဆိုင်များ၌ Covid-19 ရောဂါထပ်ဆောင်း ကာကွယ်ဆေး (Booster Dose) ကို ယနေ့နံနက် ၇ နာရီအချိန်က လိုက်လံထိုးနှံပေးလျက်ရှိ ကြောင်း သိရသည်။


ထိုသို့ ဆောင်ရွက်ရာတွင် Covid-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်ဇော်မြင့်နှင့်အဖွဲ့ဝင်များ ဦးဆောင်မှုဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ကုသရေးဦးစီးမှူး ဒေါက်တာနိုင်လင်းထွန်းနှင့် ကျန်းမာရေး ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်သိန်းနိုင်နှင့် ရဲတပ်ဖွဲ့ဝင်များနှင့် မြို့နယ်စည်ပင် သာယာရေးဌာန၊ အမှုဆောင်အရာရှိ ဦးသန်းဇော်နှင့်ဝန်ထမ်းများ စုပေါင်း၍ ကျန်းမာရေး ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ဈေးဆိုင်များ၌ Covid-19 ရောဂါထပ်ဆောင်း ကာကွယ်ဆေး (Booster Dose) အခမဲ့ လိုက်လံထိုးနှံပေးလျက်ရှိကြောင်း သိရသည်။


နော်မှိုင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)