ကာချုပ်ကြီးသို့အိတ်ဖွင့်ပေးစာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကာချုပ်ကြီးသို့အိတ်ဖွင့်ပေးစာ




သို့

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

နိုင်ငံတော်ဝန်ကြီးချုပ်

ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

နေပြည်တော်


ရက်စွဲ- ၂၀၂၃ ခုနှစ်၊ ဇွန်လ (၁၉)ရက်

အကြောင်းအရာ ။ ။ မိုးထိမိုးမိရွှေလုပ်ကွက်ကြီး (A)သို့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း၏ အစီအမံ ဖြင့် ရွှေတူးမည့် ပြည်တွင်းလုပ်ငန်းရှင်များအား စေလွှတ်၍ ယခင်မိမိတို့ ကုမ္ပဏီအပါအဝင် မိတ်ဖက် လုပ်ငန်းရှင် များ၏ ရွှေတွင်း (၃၀)ကျော်တွင် နေရာယူထားမှုများအား သိရှိနိုင်ပါရန်နှင့် ကုမ္ပဏီနှင့် မိတ်ဖက်လုပ်ငန်းရှင်များ မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင် ခွင့်ပြုမိန့် ရရှိ၍ ကျပ်ငွေ (၁၀၀)ဘီလီယံကျော် ထိုစဉ်ကာလတန်ဖိုး ရွှေစင် (၁၀၀၀) ပိဿာခန့် ရင်းနှီးထားခဲ့သော ရွှေတွင်းများအား ပြည်တွင်းတိုင်းရင်းသား လုပ်ငန်းရှင်များ အချင်းချင်း မျှတပြေလည်စွာ ညှိနှိုင်းလုပ်ကိုင် ဆောင်ရွက်နိုင်ရန် မေတ္တာထား၍#စီမံဆောင်ရွက်ပေးပါရန်လေးစားစွာတင်ပြခြင်း။

♦၁။ မိုးထိမိုးမိကုမ္ပဏီသည် တိုင်းရင်းသားလုပ်ငန်းရှင်များနှင့်စုဖွဲ့၍ လုပ်ငန်းရှင် (၅၀)ကျော်သည် မိုးထိမိုးမိ ရွှေလုပ်ကွက်ကြီး(A)တွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ရွှေတူးဖော်ရေးလုပ်ငန်းအားခွင့်ပြုမိန့် (၂၅)နှစ် သက်တမ်းရှိသောနိုင်ငံတကာအဆင့်မီ ISO လက်မှတ်ရရွှေမိုင်းတစ်ခုဖြစ်အောင်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပြီး ယခင် NLD အစိုးရလက်ထက်တွင်တာဝန်ခံမှုမရှိသောပြည်ထောင်စုဝန်ကြီးဦးအုန်းဝင်း ၏ (၁၃-၇-၂၀၁၇)ရက်စွဲပါ ဆုံးဖြတ်ချက်အတိုင်း လုပ်ငန်းလုပ်ဆောင်ရွှေပေးသွင်းပါလျက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ခွင့်ပြုမိန့်ရယူထားသောကာလအတွင်း ဝန်ကြီးဌာနမှ အရင်းအနှီးမပါဝင်သော လုပ်ငန်းတစ်ခုအား #မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နည်းဥပဒေများမလိုက်နာဘဲလုပ်ငန်းပယ်ဖျက်ခြင်း၊ #အလွဲအမှားကြောင့် ယခုအချိန်အထိ အဆိုပါကုမ္ပဏီသည် အမှတ် (၂) သတ္တုတွင်းလုပ်ငန်း၏တရားစွဲဆိုခြင်းကိုဥပဒေရအရအပြစ်မရှိဘဲဝန်ကြီးဌာနမှအမှုဖွင့်လျှင်သက်ဆိုင်ရာဌာနများမှ ဆောင်ရွက်ပေးရသောနိုင်ငံတွင်းအလွဲအမှားများကြောင့်ဦးစိုးထွန်းရှိန်သည် #၃-နှစ်နှင့် #(၇)လကျော်ကြာအောင် #ထောင်ထဲမှာအချုပ်ဖြင့်တရားရင်ဆိုင်နေဆဲဖြစ်ကြောင်း သိရှိရပါသည်။

♦၂။  တိုင်းရင်းသားလုပ်ငန်းရှင်များ၏ကနဦးမတည်ငွေ (၁၀)ဘီလီယံကျော်ကျပ်နှင့် KBZ ဘဏ်ချေးငွေ (၅၀)ဘီလီယံခန့် အပါအဝင် ၂၀၁၄-၂၀၁၅, ၂၀၁၅-၂၀၁၆,၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် (၃)နှစ်၏ အခွန်ငွေ တောင်းခံလွှာ မရရှိမီ ရွှေမိုင်းလုပ်ငန်း အတွင်းသို့ ပေးသွင်းကျန်အခွန်ငွေ (၈)ဘီလီယံကျော် ပါဝင်လျှက် စုပေါင်းရင်းနှီးထားခဲ့ပါ၍ ၎င်းတို့ကုမ္ပဏီအနေဖြင့် (၇၀)ဘီလီယံ ကျပ်ခန့်နှင့် ၎င်းတို့ကုမ္ပဏီနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့သော မိတ်ဖက်လုပ်ငန်းရှင်များမှလည်း မိမိတို့ကုမ္ပဏီ၏ ပံ့ပိုးချေးငွေ အပါအဝင် တစ်ဦးချင်းစီ၏ ရင်းနှီးမြှုပ်နှံမှုငွေများ စုပေါင်း၍ ကျပ်ဘီလီယံ (၃၀)ကျော်အား သူတို့၏ ရွှေတွင်းများတွင် ရင်းနှီးမြှုပ်နှံ ထားခဲ့ကြကြောင်း သိရပါသည်။

မိုးထိမိုးမိရွှေလုပ်ကွက်ကြီး (A) အတွင်း စုစုပေါင်း ရွှေတွင်း (၁၀၀)ကျော် တူးဖော် လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့်အတွက် ၎င်းတို့ကုမ္ပဏီနှင့်မိတ်ဖက်လုပ်ငန်းရှင်များ နှစ်ရပ်ပေါင်း ကျပ်ငွေ (၁၀၀)ဘီလီယံကျော် ရင်းနှီးထားခဲ့သော လုပ်ငန်းကြီး တစ်ခုဖြစ်သည်။

♦၃။ ၎င်းတို့လုပ်ငန်းများ ရပ်တန့်ခဲ့ရသည့်ဖြစ်စဉ်နှင့်ပတ်သက်၍ (စစစ)မှ ဦးစိုးထွန်းရှိန်အား ထောင်အတွင်း ၂၀၂၀ ခုနှစ်တွင် တစ်ကြိမ်နှင့် ၂၀၂၃ ခုနှစ်တွင် တစ်ကြိမ် #စစ်ဆေးမှုများကိုကုမ္ပဏီဘက်မှဖြစ်စဉ်အထောက်အထားများနှင့်တကွဖြေရှင်းတင်ပြခဲ့ပြီးဖြစ်ကြောင်း လည်း သိရှိရပါသည်။

မတရားစွပ်စွဲခံနေရသူများအား #စာအကြိမ်ကြိမ်ရေးသား၍သက်ဆိုင်ရာအစိုးရအဖွဲ့တာဝန်ရှိသူများထံသိရှိရအောင်အမျိုးမျိုးသောနည်းများဖြင့်မိမိတို့နိုင်ငံသားတိုင်းရင်းသားလုပ်ငန်းရှင်များမှတင်ပြခဲ့သော်လည်း #ဝန်ကြီးဌာနမှလုပ်ငန်းဖြစ်စဉ်အပေါ်တွင်ဥပဒေအမှန်တရားဘက်မှရပ်တည်ဆောင်ရွက်ပေးမည့်သူအင်အားချို့တဲ့နေပါ၍#ယခုအချိန်ထိကောင်းမွန်စွာမဖြေရှင်းနိုင်ဖြစ်နေကြရသည်။

♦၄။ နိုင်ငံစီးပွားရေးလုပ်ငန်း စံနှုန်းများသည် စာချုပ်ကို လေးစားလိုက်နာဆောင်ရွက်သော မူဝါဒအရ စာချုပ်ပါဝင်သူ တစ်ဖက်နှင့်တစ်ဖက် စာချုပ်ထဲတွင် "#အနုညာတဖြေရှင်းနည်း"ကို သုံးစွဲရမည်ဟု ပါရှိသော်လည်း #စီးပွားရေးလုပ်ငန်းများကိုတန်ဖိုးမထားသောသူများကြောင့်မကျင့်သုံးနိုင်ခဲ့ပါ။

မိမိတို့နိုင်ငံ၏ နိုင်ငံတော်အတွက် စီးပွားရှာပေးနေသော ဝန်ကြီးဌာန အောက်ရှိ ယန္တယားများသည် #စီးပွားရေးအသိအမြင်ချို့ယွင်းပျက်စီးနေခြင်းကြောင့် နိုင်ငံ၏စီးပွားရေးလုပ်ငန်းအား အလွဲအမှားများဆောင်ရွက်လျက်နိုင်ငံတော်၏အကျိုးစီးပွားထိခိုက်ခဲ့ရပါကြောင်း အမှန်အတိုင်း သိရှိရ၍ နိုင်ငံတော်နှင့်နိုင်ငံသားများအကျိုးငှာ ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်ခဲ့သူများကို  ​ပြန်လည်လုပ်ကိုင်ခွင့်ပေးရန်နှင့် ရွှေကြွေးကျန်ကိစ္စအား #စာချုပ်ပါအတိုင်းအနုညာတဖြေရှင်းနည်းဖြင့်ဆောင်ရွက်သင့်ပါကြောင်းတင်ပြအပ်ပါသည်။

♦၅။ မိုးထိမိုးမိကုမ္ပဏီအနေဖြင့် ၂၀၁၈ ခုနှစ် လုပ်ငန်းများ မရပ်တန့်ခင် (၁၃-၃-၂၀၁၇ ရက်စွဲပါ ဝန်ကြီးဌာနနှင့် နှစ်ဘက် သဘောတူညီမှုအရ ယခုအခါ လုပ်ငန်းပြန်လည်စတင်မည်ဆိုပါက ကုမ္ပဏီနှင့်ပူးပေါင်းဆောင်ရွက်မည့် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းအတွက် လစဉ်ရွှေစင် (၇)ပိဿာကျော် လက်ရှိကာလတန်ဖိုး ငွေကျပ် (၂)ဘီလီယံကျော် အသားတင် အမြတ်ရရှိစေပြီး နိုင်ငံတော်အတွက် သတ္တုခွန် (၅%)မှ လစဉ် ရွှေစင် (၅)ကီလိုနှင့် ဝန်ကြီးဌာန၏ ရွှေတူးဖော်ရေးလုပ်ငန်း ကြီးကြပ် ဆောင်ရွက်ပေး ရသော အမှတ် (၂)သတ္တုတွင်းလုပ်ငန်းအတွက် လစဉ် ရွှေစင် (၁၀)ကီလိုခန့် ရရှိစေမည့်အပြင် ၎င်းတို့ ကုမ္ပဏီမှ ဝန်ကြီးဌာနဘဏ်များသို့ ပေးဆပ်ရန် ရွှေကြွေးကျန်၊ ငွေကြွေးကျန်များလည်း အမြန်ဆုံးပေးဆပ်နိုင်မည်ဖြစ်ကြောင်း ကုမ္ပဏီ၏ တာဝန်ရှိသူများ ဘက်က ပြောဆိုထားမှုကိုလည်း တွေ့မြင်ကြားသိရပါသည်။

♦၆။ မိုးထိမိုးမိ ရွှေလုပ်ကွက်ကြီး (A) တွင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းမှ ကုမ္ပဏီနှင့်ပူးပေါင်းလုပ်ဆောင်မည်ဟု ညှိနှိုင်းထားသော်လည်း ယခုအခါ ကုမ္ပဏီနှင့် ဆွေးနွေးတိုင်ပင်ထားခြင်း မရှိပါဘဲ အခြားရွှေတူးလိုသည့် ပြည်တွင်းလုပ်ငန်းရှင်များအား ယနေ့အချိန်အထိ ရွှေတွင်း (၃၀)ကျော် နေရာများတွင် လာရောက် နေရာချထားပေးခြင်းသည် ယခင်ရင်းနှီးမြှုပ်နှံမှုကော်မရှင်ခွင့်ပြုမိန့်ဖြင့် ရင်းနှီးခဲ့ကြသောရွှေတွင်းပိုင်ရှင်များနှင့်နှစ်ဘက်လုပ်ငန်းရှင်များအကြားတရားမျှတစွာညှိနှိုင်းမပေးပါက မကျေနပ်မှုများဖြစ်လာမည့်အပြင်မြန်မာ့စီးပွားရေးကော်ပိုရေးရှင်၏#အမည်နှင့်ဂုဏ်သိက္ခာကိုပါထိခိုက်လာမည့်အခြေအနေများဖြစ်ပေါ်လာနိုင်သည်ဟုယူဆပါသည်။

♦၇ ထိုအခြေအနေကိုမျှတစွာစီမံဆောင်ရွက်ပေးနိုင်သူမှာနိုင်ငံတော်ဝန်ကြီးချုပ်သာဖြစ်သည် ဟု ယုံကြည်ပါသည်။

သို့ပါ၍ တရားဥပဒေစိုးမိုးရေးကိုလွန်စွာအလေးထားသည့်နိုင်ငံတော်ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကြီးအနေဖြင့်ဥပဒေနှင့်အညီဆောင်ရွက်ပေးနိုင်မည်ကိုအပြည့်အဝယုံကြည်သောအားဖြင့် တရားဥပဒေနှင့် အညီ တရားမျှတမှုကိုအခြေခံပြီး ညှိနှိုင်းစီမံဆောင်ရွက်ပေးပါရန်လေးစားစွာတင်ပြအပ်ပါသည်။     


လေးစားလျက်

ဦးစိုးထွန်းရှိန်လွတ်မြောက်ရေးကြိုးပမ်းမှု

မျိုးချစ်သံဃာတော်များအဖွဲ့

ရန်ကုန်မြို့


ဦးစိုးထွန်းရှိန်လွတ်မြောက်ရေးကြိုးပမ်းမှု

အမျိုးသားရေးအင်အားစုများ 

ရန်ကုန်မြို့



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)