မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာဝင်း၊ ခရေပင်ရိပ်သာတွင် ဦးရဲနိုင်အား PDF အကြမ်းဖက်သမားများ သေနတ်ဖြင့် လာရောက်ပစ်ခတ်သတ်ဖြတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာဝင်း၊ ခရေပင်ရိပ်သာတွင် ဦးရဲနိုင်အား PDF အကြမ်းဖက်သမားများ သေနတ်ဖြင့် လာရောက်ပစ်ခတ်သတ်ဖြတ်




MNP ၊ ဇွန် ၁၉

၂၀၂၃ ဇွန် ၁၉ ၁၈၁၅ အချိန် မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာဝင်း၊ ခရေရိပ်သာ လမ်းသွယ်(၁)၊ အမှတ်(၂၀) နေအိမ်ရှေ့၌ ဦးရဲနိုင် အား  ယနေ့ ညနေ ၆ ၁၅ ဝန်းကျင်အချိန်ခန့်တွင် PDF အကြမ်းဖက်သမားများက သေနတ်ဖြင့် လာရောက်ပစ်သတ်သွားကြောင်း သိရသည်။

တာဝန်ရှိသူများ သွားရောက်စိစစ် ခဲ့ရာ ဦးရဲနိုင်(၄၆)သည် အပြင်မှ NPW 3R-7503 Toyota Rush အနက်ရောင်ယာဉ်ဖြင့် နေအိမ်သို့ ပြန်လာစဉ် နေအိမ်ရှေ့ ခြံစည်းရိုးဝင်/ထွက်တံခါးအနီးအရောက်၌ ဆိုင်ကယ်(၁)စီးဖြင့် အကြမ်းဖက်သမား ၂ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် NPW 3R-7503 ယာဉ်၏ ဝဲ/ယာ ရှေ့လေကာမှန် (၂)ချပ် ကွဲအက်ပျက်ဆီးခဲ့ပြီး ဦးရဲနိုင် ၌ ဒဏ်ရာ(စိစစ်ဆဲ/စိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရသည်။

ပစ်ခတ်မှု ဖြစ်ပွားသည့်နေရာမှ 9 MM ကျည်ခွံ (၉)ခု(အမျိုးအစားစိစစ်ဆဲ)အား တွေ့ရှိခဲ့ပြီး ဒဏ်ရာ ရရှိသူ ဦးရဲနိုင် အား ဆေးရုံကြီး ပို့ဆောင်ခဲ့ရာ ဆေးရုံသို့ ရောက်ရှိစဉ် ရရှိဒဏ်ရာဖြင့် သေဆုံးခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ရန်ကုန်မြို့ပေါ်တွင် အကြမ်းဖက်လှုပ်ရှားမှုများ ဆောင်ရွက်နေသည့် ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာ NUG(NLD) အကြမ်းဖက်အဖွဲ့၏ သြဇာခံ့Urban Owls အဖွဲ့ က ၎င်းတို့၏ လက်ချက်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်ကို တွေ့ရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)