MNP - ဇွန် ၁၉
အာဆင်နယ်အသင်းဟာ ချဲလ်ဆီးအသင်းမှာ ရုန်းကန်နေရတဲ့ ကွင်းလယ်နှင့် တိုက်စစ်ကစားသမား ကိုင် ဟာဗက်ဇ်ကို ဒုတိယအကြိမ် ထပ်မံကမ်းလှမ်းမှာ သေချာကြောင်း သိရသည်။
အဆိုပါ အသက် ၂၄နှစ်အရွယ် ဂျာမန်ကြယ်ပွင့်ကို ဘွန်ဒက်စ်လီဂါ ချန်ပီယံယံ ဘိုင်ယန်မြူးနစ်အသင်းကလည်း ခေါ်ယူလိုပေမယ့် ကစားသမားဖြစ်သူက အာတီတာနဲ့ အာဆင်နယ်အသင်းရဲ့ ပရောဆက်မှာသာ ပါဝင်လိုနေသည်။
ချဲလ်ဆီးအသင်းက ကိုင်ဟာဗက်ဇ်အတွက် ပြောင်းရွှေ့ကြေးပေါင် ၇၅သန်းလိုချင်နေပေမယ့် လက်ခံနိုင်တဲ့ ကမ်းလှမ်းမှုမျိုးရရှိပါက ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်သွားမည်ဖြစ်သည်။
souce - Fabrizio Romano
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment