ရွှေဆိုင်ကို ဓားပြတိုက်ပြီး ဟိုတယ်မှာ စော်နဲ့ သွားနှပ်နေတဲ့ PDF အကြမ်းဖက်သမား ဖမ်းဆီးရမိပြီး ဓားပြမှုတွင် ပါဝင်သော PDF အကြမ်းဖက်သမား ၉ဦး ဖမ်းဆီးရမိ
(ဓားပြတိုက် ရယူထားသော စိန်၊ ရွှေပစ္စည်းများကို NUG အကြမ်းဖက်အဖွဲ့ မရလိုက်ပေ)
MNP ၊ ဇွန် ၁၉
ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဈ)ဈေးရှေ့ ရှိ မြတ်မောင် စိန်ရွှေရတနာဆိုင်ကို ယမန်နေ့ ညနေပိုင်းက ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာ NUG(NLD) အကြမ်းဖက်အဖွဲ့ရဲ့ လက်ပါးစေ PDF အကြမ်းဖက်သမားများက သေနတ်ပြ ခြိမ်းခြောက်ပြီး စိန်၊ ရွှေပစ္စည်းများ ရယူကာ ထွက်ပြေးသွားခဲ့ကြပါတယ်။
ဖြစ်စဉ်နဲ့ ပတ်သက်ပြီး တရားခံ ဖော်ထုတ်ဖမ်းဆီးရမိရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက အပူတပြင်း ကြိုးပမ်းခဲ့ကြရာမှာ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာ NUG(NLD) အကြမ်းဖက်အဖွဲ့ရဲ့ လက်ပါးစေ PDF အကြမ်းဖက်သမားများဟာ ဓားပြတိုက် ရယူလို့ ရတဲ့ပစ္စည်းတွေနဲ့ ဗဟန်းမြို့နယ်ထဲက အကယ်ဒမီဟိုတယ်မှာ စော်နဲ့ သွားနှပ်နေစဉ် ဖမ်းဆီးရမိခဲ့ပါတယ်။ အကယ်ဒမီဟိုတယ်မှာ စော်နဲ့ နှပ်နေတဲ့ PDF အကြမ်းဖက်သမား ကိုကိုအောင် ဆိုသူကို တရားမဝင် ပေါင်းသင်းနေတဲ့ ပပလှိုင်နဲ့အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပါတယ်။
ကိုကိုအောင်ရဲ့ ထွက်ဆိုချက်အရ ဓားပြမှုမှာ ပါဝင်တဲ့ တရားခံ ကောင်းထက်စံ(ခ) တရုတ်ကြီး၊ ကျော်ဇင်လတ်၊ ကောင်းမြတ်(ခ)Blank၊ ဖြိုးကိုကိုနှင့် ကျော်ဇင်ဝေ တို့ကို မြောက်ဥက္ကလာပမြို့နယ်ထဲမှာ ဖမ်းဆီးရမိခဲ့ပါတယ်။
အဖမ်းခံလိုက်ရတဲ့ ကိုကိုအောင် ဟာ အထူးစစ်ဆေးဖို့ပင် မလိုပဲ ဓားပြတိုက်မှုမှာ ပါဝင်သူတွေကို ဖော်ထုတ်ပြောဆိုတဲ့အတွက် မအူပင်မြို့နယ် က စောဂျိုးဇက်(ခ)ချိုတိုးနှင့် ထွန်းထွန်းနိုင်တို့ကို ထပ်မံ ဖမ်းဆီးရမိပြီး လက်နက်၊ ခဲယမ်းများကိုပါ သိမ်းဆည်းနိုင်ခဲ့ပါတယ်။
မြတ်မောင် စိန်ရွှေရတနာဆိုင်ကနေ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာ NUG(NLD) အကြမ်းဖက်အဖွဲ့ရဲ့ လက်ပါးစေ PDF အကြမ်းဖက်သမားများ ဓားပြတိုက်ယူသွားခဲ့တဲ့ ရွှေထည်ပစ္စည်းများကိုလည်း ပြန်လည်သိမ်းဆည်းရရှိခဲ့ပါတယ်။
ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာ NUG(NLD) အကြမ်းဖက်အဖွဲ့ရဲ့ လက်ပါးစေ PDF အကြမ်းဖက်သမား ဟာ ဟိုတယ်မှာ နာရီပိုင်းလောက်ပဲ နှပ်ခွင့်ရလိုက်ပြီး (၅)ရီအတွင်းမှာ ဖမ်းဆီးထိန်းသိမ်းခြင်း ခံလိုက်ရတာ ဖြစ်ပါတယ်။
ဓားပြတိုက်လို့ ရထားတဲ့ စိန်၊ ရွှေပစ္စည်းတန်ဖိုးက သိန်းပေါင်း (၁၆၆၀၀) ကျော်ဖိုး ရှိပါတယ်။ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာ NUG(NLD) အကြမ်းဖက်အဖွဲ့အတွက် ရန်ပုံငွေအများကြီးထည့်ဝင်ပေးနိုင်တဲ့ ပမာဏဖြစ်ပါတယ်။
အခုတော့ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာ NUG(NLD) အကြမ်းဖက်အဖွဲ့ထံ ရန်ပုံငွေတောင် ထည့်ဝင်ခွင့် မရလိုက်ဘဲ အဖမ်းခံလိုက်ရပါတယ်။
အထူးအကြံပေး ရှောင်တာနာရဲ့ အကြံပြုတိုက်တွန်းချက်နဲ့အညီ အခွန်ရုံးတွေကို ဗုံးခွဲ၊ ပြည်သူလူထုဆီက ဓားပြတိုက်ရယူဖို့ ကြိုးစားနေတဲ့ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာ NUG(NLD) အကြမ်းဖက်အဖွဲ့ရဲ့ မစ်ရှင်ဟာ ကွန်ပလိမဖြစ်ခင်မှာပဲ လက်ပါးစေအကြမ်းဖက်သမားလေးတွေ ဖမ်းဆီးထိန်းသိမ်းခြင်းခံရပြီး ဥပဒေက ပေးတဲ့ ပြစ်ဒဏ်ကို ခံရတော့မှာပါလား။
#MyanmarNationalPost










No comments:
Post a Comment