ကန်ကြီးထောင့်မြို့နယ်တွင် သတင်းညှိနှိုင်း အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကန်ကြီးထောင့်မြို့နယ်တွင် သတင်းညှိနှိုင်း အစည်းအဝေးကျင်းပ


MNP ၊    ဇွန်   ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်အတွင်း ထူးခြားဖြစ်စဥ် သတင်းများနှင့် ပတ်သက်၍ အချိန်နှင့်တစ်ပြေးညီ စောလျင်စွာ တိကျမှန်ကန်သော မြေပြင်သတင်း အမှန်ရရှိစေရေး သတင်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၈ နာရ‌ေအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန OSS အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်က ထူးခြားဖြစ်စဥ်သတင်းများ အချိန်နှင့် တစ်ပြေးညီရောက်ရှိရေး၊ သတင်းမှန်ကန် မြန်ဆန်စေရေး၊ ပူးပေါင်းဆောင်ရွတ်ရမည့် အဖွဲ့အစည်းများ စသဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး အဖွဲ့ဝင်(၁) ဗိုလ်မှူး ရဲနိုင်လွင်နှင့် မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး စိုးကြည်က ဧည့်စာရင်းများစစ်ဆေးရေး၊ လူစိမ်းအဝင်အထွက်များ ဂရုပြုကြရေး၊ မှုခင်းကျဆင်းရေးနှင့် ယာဥ်မတော်တဆမှုများ လျော့နည်းစေ ရေးအတွက် ရှင်းလင်းဆွေးနွေးခဲ့သည်။


ထို့နောက် တက်ရောက်လာကြသော မြို့ပေါ်ရပ်ကွက်နှင့် တကုန်းကြီးတိုက်နယ်အတွင်းရှိ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၏ မေးမြန်းချက်များအား တာဝန်ရှိသူများ က ပြန်လည်ဖြေကြားခဲ့ကြောင်း သတင်းရရှိသည်။


မဇင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)