ကျုံပျော်မြို့ ပြည်သူများထံသို့ စားသုံးဆီများ ဈေးနှုန်းချိုသာစွာ ဖြန့်ဖြူးရောင်းချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျုံပျော်မြို့ ပြည်သူများထံသို့ စားသုံးဆီများ ဈေးနှုန်းချိုသာစွာ ဖြန့်ဖြူးရောင်းချ



MNP ၊    ဇွန်   ၂၁

ပြည်သူများစားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရေးအတွက် စားသုံးဆီများ ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့၊ မြဝတီရပ်ကွက်၊ မဏိရတနာရာမ‌ကျောင်းတိုက်၌ ယနေ့ နံနက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထိုသို့ရောင်းချရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးကြပ်၍ စားသုံးဆီ တစ်ပိဿာလျှင် (၄၂၀ဝိ/-)ကျပ်နှုန်းဖြင့် ရပ်ကွက်နေ အခြေခံ ပြည်သူများအား တစ်ဦးလျှင် ဆီတစ်ပိဿာနှုန်းဖြင့် စုစုပေါင်း ဆီပိဿာ(၂၅၇) ပိဿာအား ရောင်းချပေးခဲ့ကြောင်း၊ ဝယ်ယူသူများအနေဖြင့် အခြေခံစားကုန်ဆီ ဈေးနှုန်းချိုစွာ ဝယ်ယူရရှိသည့်အတွက် အထူးဝမ်းမြောက်ကြကြောင်း သိရသည်။


ရောင်းချပေးနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေယျမင်း၊ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးခင်မောင်သန်း၊ စားသုံးသူရေးရာဦးစီးဌာန ဦးစီးမှူး ဒေါ်ခင်မေဝင်းနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးခဲ့ကြပြီး၊ မဏိရတနာရာမ‌ကျောင်းတိုက်တွင် အသုံးပြုရန် စားသုံးဆီ (၁၀)ပိဿာအား ကျောင်းတိုက်ဆရာတော်ထံသို့ ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။


လပြည့်ဦး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)