MNP - ဇွန် ၅
လီဗာပူးလ်အသင်းဟာ ဘရိုက်တန်အသင်းရဲ့အဓိက ကွင်းလယ်ကစားသမား အဲလက်ဆစ် မက်အလစ္စတာကို ခေါ်ယူခဲ့ပြီးဖြစ်သည်။လီဗာပူးလ်အသင်းဟာ မက် အလစ္စတာအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၆၀ ဝန်းကျင် ပေးချေရမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အသက် ၂၄နှစ်အရွယ် အာဂျင်တီနားသားဟာ လိုအပ်တဲ့ ဆေးစစ်မှုများ အားလုံးခံယူပြီးဖြစ်ပြီး လီဗာပုူးလ်အသင်းဟာ မက် အလစ္စတာကို ၂၀၂၈ခုနစ် ဇွန်လအထိ ၅နှစ် စာချုပ်ချုပ်ဆိုမည်ဖြစ်ကြောင်း သိရသည်။
မက် အလစ္စတာဟာ ၂၀၂၂ခုနစ် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့တဲ့ လိုဆယ်ဆိုရဲ့ နေရာကို အကောင်းဆုံးဖြည့်ကစားပေးနိုင်ခဲ့ပြီး အာဂျင်တီးနားအသင်းကို တတိယအကြိမ်မြောက် ကမ္ဘာ့ဖလားရရှိအောင် ကူညီပေးနိုင်ခဲ့တဲ့အပြင် ဘရိုက်တန်အသင်းကိုလည်း အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ဥရောပပြိုင်ပွဲဝင်ခွင့်ရရှိအာင် ကွင်းလယ်ကနေ အကောင်းဆုံးမောင်းနှင်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။
souce - Fabrizio Romano
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment