MNP - ဇွန် ၅
PSGအသင်းဟာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ကွင်းလယ်ကစားသမား မားကို့စ် အဆန်စီရိုကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူခဲ့ပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါ အသက် ၂၇နှစ်အရွယ် စပိန်သားဟာ PSGအသင်းနှင့် ၂၀၂၇ခုနစ် ဇွန်လအထိ ၄နှစ်စာချုပ်
ချုပ်ဆိုမည်ဖြစ်ပြီး အေးဂျင့်ဖြစ်သူ ဂျော့မန်ဒက်နှင့် အတူု ပဲရစ်သို့ ရောက်ရှိနေပြီဖြစ်သည်။
အဆန်စီရိုဟာ ရီးရဲလ်မက်ဒရစ်အသင်းနှင့် အတူ လာလီဂါ အမှတ်ပေးဖလား ၃ကြိမ်၊ စပိန်ကိုပါဒယ်ရေးဖလား ၁ကြိမ်၊ချန်ပီယံလိပ်ဖလား ၃ကြိမ်၊ UEFA Super Cup ၁ကြိမ်၊ FIFA Club World Cup ၃ကြိမ် ဆွတ်ခူးခဲ့တာဖြစ်ပါတယ်။
souce - Fabrizio Roamno
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment