နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ မတည်ထောက်ပံ့ငွေများအား မအူပင်ခရိုင်အတွင်းရှိ မြို့နယ်(၄) မြို့နယ်သို့ လွှဲ‌ပြောင်းပေးအပ်ပွဲ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ မတည်ထောက်ပံ့ငွေများအား မအူပင်ခရိုင်အတွင်းရှိ မြို့နယ်(၄) မြို့နယ်သို့ လွှဲ‌ပြောင်းပေးအပ်ပွဲ




MNP ၊    ဇွန်   ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ မတည်ထောက်ပံ့ငွေများအား မအူပင်ခရိုင်အတွင်းရှိ မြို့နယ်(၄)မြို့နယ်သို့ လွှဲ‌ပြောင်းပေးအပ်ပွဲ၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေပေးအပ်ပွဲနှင့် တောင်သူများ အားမျိုးစပါးနှင့် သွင်းအားစုများပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်က အမှတ်(၉)ရပ်ကွက်ရှိ မိုးလုံလေလုံ အားကစားခန်းမတွင် ကျင်းပသည်။


ရှေ့ဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးမှ မအူပင်ခရိုင်အတွင်း စပါးစိုက်ပျိုးရေး (၁)ဧက (၁၀)တင်းနှုန်းတိုးမြှင့်ရေး၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ ထုတ်ချေးဆောင်ရွက်ပြီးစီးမှု အခြေအနေများအား တင်ပြရာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်မှ လမ်းညွှန်အမှာစကားပြောကြားခဲ့သည်။


 ဆက်လက်၍ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်မှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ မတည်ထောက်ပံ့ ငွေဖြင့် ဆောင်ရွက်မည့် မျိုးစပါးနှင့် သွင်းအားစုများအား တောင်သူများသို့ ပေးအပ်ရာ မအူပင်၊ ပန်းတနော်၊ ညောင်တုန်း၊ ဓနုဖြူမြို့နယ်များမှ တောင်သူများကိုယ်စား တောင်သူ(၂)ဦးက လက်ခံရယူခဲ့ကြသည်။ ၎င်းနောက် မအူပင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးမှ နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေနှင့် ကျေးရွာဖွံ့ဖြိုး ရေးစီမံကိန်းမြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေများအား လွှဲပြောင်းပေးအပ်ရာ တာဝန်ရှိသူ များက လက်ခံရယူခဲ့ကြသည်။ 


ထို့နောက် မျိုးစေ့ထုတ်လုပ်ခြင်း လုပ်ငန်း၊ စိုက်ပျိုးရေးထွက်ကုန်များ အရည်အသွေးမြှင့်တင်ရေးလုပ်ငန်း၊ စပါးအခြောက်ခံစက် လုပ်ငန်း၊ မျိုးစပါးထုတ်လုပ် ခြင်းလုပ်ငန်း၊ Gasifier အဆင့်မြှင့်တင်ခြင်း၊ ဈေးကွက်ချဲ့ခြင်းနှင့် ကုန်ထုတ်လုပ်ခြင်းလုပ်ငန်း၊ သမဝါယမအစုအဖွဲ့စိုက်ပျိုးရေး လုပ်ငန်း၊ နို့စားနွားမွေးမြူခြင်း၊ နို့ထွက်ပစ္စည်းထုတ်လုပ်ခြင်းလုပ်ငန်းနှင့် အသားတိုးဝက်မွေးမြူခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများအား တောင်သူများမှ ဆွေးနွေးတင်ပြခဲ့ကြသည်။ ၎င်းနောက် တောင်သူများကိုယ်စား မအူပင်မြို့နယ်၊ လက်ပံကုန်းကျေးရွာမှ တောင်သူ ဦးသန်းဇော်လင်းက ကျေးဇူးတင်စကား ပြောကြားပြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဗိုလ်မှူးကြီး မိုးမင်းနိုင်က နိဂုံးချုပ်စကားပြောကြားခဲ့သည်။


ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်နှင့် အဖွဲ့သည် မအူပင်အကျဉ်းထောင်ရှိ အထူးတရားရုံးခန်းနှင့် ယာယီအချုပ်ခန်းများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။





 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)