နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် တောင်သူများသို့ မျိုးစပါး၊ ဓာတ်မြေဩဇာ၊ ပေါင်းသတ်ဆေး၊ မှိုသတ်ဆေးများ ပေးအပ်ခြင်းနှင့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေများအား တောင်သူများသို့ ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် တောင်သူများသို့ မျိုးစပါး၊ ဓာတ်မြေဩဇာ၊ ပေါင်းသတ်ဆေး၊ မှိုသတ်ဆေးများ ပေးအပ်ခြင်းနှင့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေများအား တောင်သူများသို့ ပေးအပ်



MNP ၊    ဇွန်   ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်နှင့် တာဝန်ရှိသူများသည် ၂၀၂၃-၂၀၂၄ ခုနှစ် ဖျာပုံခရိုင်အတွင်းရှိ မြို့နယ်များတွင် မိုးစပါး(၁)ဧကလျှင် (၁၀)တင်းနှုန်း တိုးထွက်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် တောင်သူများသို့ မျိုးစပါး၊ ဓာတ်မြေဩဇာ၊ ပေါင်းသတ်ဆေး၊ မှိုသတ်ဆေးများပေးအပ်ပွဲနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက် မည့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း၊ မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေများအား တောင်သူများသို့ ပေးအပ်ပွဲအခမ်းအနားကို ယနေ့ ညနေ(၃)နာရီ (၁၅)မိနစ်အချိန်က ဖျာပုံမြို့ သီရိအဏ္ဏဝါခန်းမ၌ ကျင်းပပြုလုပ်သည်။


အခမ်းအနားတွင် ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်လင်းက နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ မတည်ငွေများ ထုတ်ပေးရခြင်း အကြောင်းအရင်းနှင့် မိုးစပါး(၁)ဧက (၁၀)တင်းနှုန်း တိုးမြှင့်ထွက်ရှိရေး၊ မျိုးကောင်းမျိုးသန့်များ ပြောင်းလဲစိုက်ပျိုးနိုင်ရေးအတွက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် လက်ရှိဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်က မိုးစပါး(၁)ဧက (၁၀)တင်းနှုန်း တိုးမြှင့်ထွက်ရှိရေးအတွက် ဆောင်ရွက်ရမည့်အချက် များ၊ နွေစပါး၊ ပဲတီစိမ်းနှင့် မတ်ပဲ စိုက်ပျိုးခဲ့မှုအခြေအနေများ၊ ဆီထွက်သီးနှံဆောင်းနေကြာကို ဆက်လက်စိုက်ပျိုရမည့် အခြေအနေများ၊ လိုအပ်သည်များ လမ်းညွှန်အမှာစကားပြောကြားခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်မှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် မျိုးစပါးများနှင့် သွင်းအားစုများ အား တောင်သူများ လက်ဝယ်သို့ ပေးအပ်ပြီး ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်လင်းမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ မတည်ငွေများနှင့် ကျေးရွာ ဖွံ့ဖြိုးရေးစီမံကိန်းနှင့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေများအား မြို့နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ် ရေး အဖွဲ့ဥက္ကဋ္ဌများထံသို့ လွှဲပြောင်းပေးအပ်သည်။


ဆက်လက်၍ ကျိုက်လတ်မြို့  မျိုးစေ့ထုတ်ကုမ္ပဏီ၊ ဦး‌အေးသန်းနှင့် ဖျာပုံမြို့နယ်၊ အပြောင် ကျေးရွာမှ တောင်သူ ဦးကျော်ဝင်းသန်းတို့က မျိုးစေ့ထုတ်လုပ်မှုနှင့် ပတ်သက်၍ အသေးစိတ် ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်မှ နိဂုံးချုပ်စကား ပြောကြားသည်။ အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းနိုင်၊ ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်လင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ (၄) မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ဖျာပုံခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ (၄)မြို့နယ်စိုက်ပျိုး ထုတ်လုပ်မှု တိုးတက်မြင့်မား‌ရေး ကြီးကြပ်မှုကော်မတီဝင်များ၊ မြို့နယ်များရှိ တောင်သူ လယ်သမားများ၊ စုစုပေါင်း အင်အား(၈၅၀)ဦးခန့် တက်ရောက်ကြကြောင်း သိရသည်။


အောင်ဝင်းနိုင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)