တနင်္သာရီမြို့၏ သမိုင်းဝင်ရာဇမင်္ဂလာကန်တော်အား မူလပုံစံမပျက်အဆင်မြင့်တင် ပြုပြင်မွမ်းမံ လျက်ရှိရာ(၇၀)ရာနှုန်းပြီးစီးနေပြီဖြစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီမြို့၏ သမိုင်းဝင်ရာဇမင်္ဂလာကန်တော်အား မူလပုံစံမပျက်အဆင်မြင့်တင် ပြုပြင်မွမ်းမံ လျက်ရှိရာ(၇၀)ရာနှုန်းပြီးစီးနေပြီဖြစ်



MNP ၊    ဇွန်   ၁၂

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၏ကျက်သရေဆောင် သမိုင်းဝင်ရာဇမင်္ဂလာကန်တော်သည် တနင်္သာရီမြို့-ချောင်းငယ်ကျောင်းတိုက်၏ မြောက်အရပ်တွင်တည်ရှိပြီး ယင်းနေရာတွင် မဟာသီရိ ဓမ္မသောကမင်းကြီးက ရေကန်တော်နှင့်စေတီတော်တို့ကို လှူ ဒါန်းခဲ့လေသည်။ ၎င်းတို့မှာ ချောင်းငယ်ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းရှိ နန်းဦးစေတီနှင့်ရာဇမင်္ဂလာကန်တော် ပင်ဖြစ်ပြီး ထိုမင်္ဂလာကန်တော်ကို တနင်္သာရီမင်းဆက်များက ဦးခေါင်းဆေးမင်္ဂလာပြုရာတွင် အဓိကအသုံးပြုခဲ့ကြသည်ဟုဆိုသည်။


၎င်းရာဇမင်္ဂလာကန်၏ ကန်ဘောင်ရိုးအလျားမှာ(၂၀၀)ပေခန့်ရှိသည်။ ကန်ဘောင်အမြင့်ပေ(၁၀)ပေ၊ အကျယ်က(၂၀)ပေခန့်ရှိ၍ ကန်၏ အနက်မှာ(၁၀)ခန့်ရှိသည်။ ချောင်းငယ်ကျောင်းတိုက် ဆရာတော်မှ အုတ်နံရံများနှင့်ဝင်းတံခါးများကို ထိန်းသိမ်းစီမံဆောင်ရွက်ထားရှိကြောင်း သိရသည်။


ယခုအခါ နှစ်ကာလကြာမြင့်လာသည်နှင့်အမျှ သစ်သားတံတားနှင့် ရှင်ဥပဂုတ္တကျောင်းဆောင်တို့သည် ဟောင်းနွမ်းယိုယွင်းနေပါသဖြင့် ရာဇမင်္ဂလာကန်တော်အား ကန်ဘောင်ရိုးအဆင့်မြှင့်တင်ခြင်း၊ ကန်အလယ်ရှိ ရှင်ဥပဂုတ္တရုပ်ပွားတော်မြတ်အား ပူဇော်နိုင်ရန်ဆက်သွယ်ထားသည့် (ယခင်)သစ်သားတိုင်များ အစား(၇၆ပေ-၆ပေ)အရွယ် သံကူကွန်ကရစ်တံတားအဖြစ်သို့လည်းကောင်း၊ ထို့အပြင် ရှင်ဥပဂုတ္တရုပ်ပွားတော် ပူဇော်ခံအဆောင်ကို (၂၀ပေ-၂၀ပေ)အထိအဖြစ်လည်းကောင်း၊   (ယခင်)မူလပုံစံမပျက်စေဘဲ အဆင့်မြင့်တင်၍ ပြုပြင်မွမ်းမံခြင်းလုပ်ငန်းကို တနင်္သာရီမြို့နယ်၊ အမှတ်(၂) စစ်နယ်မြေမှူး ဗိုလ်မှူးကြီးအောင်ကိုလတ်က ဦးဆောင်လျက်ခန့်မှန်းကုန်ကျငွေ ကျပ်သိန်း (၅၃၀)ခန့်ဖြင့် ၂၀၂၃ခုနှစ်၊ဧပြီလအလယ်မှစ၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိနေရာ ယနေ့အထိလုပ်ငန်းအားလုံး၏ (၇၀) ရာနှုန်းပြီးစီးနေပြီဖြစ်ကြောင်းနှင့် (အမိုးပတ်ချုပ်၊ အမိုးနှင့်ဝရံတာ)တို့သာ ဆက်လုပ်ရန်ကျန်ရှိသဖြင့် အမြန်ပြီးစီးနိုင်ရေးအတွက် အရပ်ဝေး/အရပ်နီးမှ စေတနာရှင်မိဘပြည်သူများအနေဖြင့် တတ်အားသရွှေ့ ကုသိုလ်ပြုပါဝင်လူဒါန်းလိုပါက ဦးကျော်ကျော်ခေါင်(အကျိုးတော်ဆောင်) Ph;09 402955246 သို့ ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း သိရသည်။ 


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)