မိုးကြိုးစက်ကွင်းထိမှန်ခဲ့သည့် ဗူးဘုရားအား ပြန်လည်ပြင်ဆင်ထိန်းသိမ်းဆောင်ရွက်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးကြိုးစက်ကွင်းထိမှန်ခဲ့သည့် ဗူးဘုရားအား ပြန်လည်ပြင်ဆင်ထိန်းသိမ်းဆောင်ရွက်လျက်ရှိ






MNP ၊ ဇွန် ၁၂

ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ၊ ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများနှင့် လက်ထောက်အင်ဂျင်နီယာများသည် (၆.၆.၂၀၂၃) ရက်နေ့ ညပိုင်းတွင်  မိုးကြိုးစက်ကွင်းထိမှန်ခဲ့သည့် ဗူးဘုရားနေရာ (၅) နေရာအားပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်ရန် ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပြုပြင်ထိန်းသိမ်း ရေးဌာနစုမှ အင်ဂျင်နီယာများက ဝါးငြမ်းဆင်ခြင်းလုပ်ငန်း၊ အိန္ဒိယနိုင်ငံ Archaeological Survey of India (ASI) ပညာရှင်များ၏ အကြံပြုချက်ဖြင့် ဓာတ်ခွဲခန်းဌာနစိတ်က ဆောင်ရွက်လျက်ရှိသည့် ဓာတုဗေဒနည်းဖြင့် ကနဦးသန့်စင်ခြင်းလုပ်ငန်း၊ ဆက်လက်ဆောင်ရွက်မည့် ခရေသီးအောက်ဘက်ရှိ ကြာလန် ၆ လက်မခန့် ပဲ့ထွက်ခဲ့သည့်နေရာအား အသားဖြည့်ခြင်းလုပ်ငန်း၊ စေတီလုံးရှိ မိုးကြိုးစက်ကွင်းထိခဲ့သည့် အင်္ဂတေအပေါက်ငယ် (၄) နေရာအား (၈.၆.၂၀၂၃) ရက်နေ့တွင်  မူလလက်ရာမပျက် အင်္ဂတေအသားဖြည့်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုတို့ကို သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)