ဆိပ်ကြီးခနောင်တိုမြို့နယ်၌ တပ်မတော်နယ်လှည့် ဆေးကုသရေးအဖွဲ့မှ အခမဲ့ဆေးကုသမှု ဆောင်ရွက်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆိပ်ကြီးခနောင်တိုမြို့နယ်၌ တပ်မတော်နယ်လှည့် ဆေးကုသရေးအဖွဲ့မှ အခမဲ့ဆေးကုသမှု ဆောင်ရွက်ပေး




MNP ၊    ဇွန်   ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မြို့နယ်နေပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် ဒလတပ်နယ် နယ်လှည့်ဆေးကုသရေးအဖွဲ့မှ အခမဲ့ ဆေးဝါးကုသပေးခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ခနောင်တိုအရှေ့ရပ်ကွက်ရှိ ဓမ္မပီတိဘုန်းတော်ကြီးကျောင်းဝင်းအတွင်း ပြုလုပ်ခဲ့သည်။


ထိုသို့ ဆေးဝါးကုသပေးရာတွင် ဒလတပ်နယ် နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ဗိုလ်ကြီး အောင်ဘုန်းမြင့် ဦးဆောင်၍ဆေးတပ်ဖွဲ့ဝင်များက မြို့နယ်အတွင်းရှိ မျက်စိဝေဒနာရှင်၊ ဆီးချို၊ သွေးတိုးနှင့် အခြားအထွေထွေရောဂါဖြစ်ပွားသူ မြို့နယ်နေရဟန်းသံဃာ၊ သီလရှင် အပါအဝင် ပြည်သူ ၉၀ ဦးအား သက်ဆိုင်ရာ ရောဂါများအလိုက် စမ်းသပ်၍ ကုသပေးခြင်းအပြင် ဆေးဝါးများလည်း အခမဲ့ပေးခဲ့ကြောင်း သိရသည်။


ယင်းသို့ အခမဲ့ဆေးဝါးကုသပေးနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် (၂) ဗိုလ်မှူးချစ်ဝမ်း၊ အမှတ် (၁) စက်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့မှ ဗိုလ်ကြီးအေးမင်းဝင်းနှင့် တာဝန်ရှိသူများက လိုအပ်သည်များအား အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ဝေယံ 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)