MNP ၊ ဇွန် ၁၅
၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့တွင် ကျရောက်မည့် “ကမ္ဘာ့သွေးလှူရှင်များနေ့” အထိမ်းအမှတ် အသိပညာပေး Talk Show ကို ဇွန်လ ၁၃ ရက်နေ့၊ နေ့လယ် ၃ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ Talk Show ဆွေးနွေးပွဲတွင် ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်ရုံးမှ ဒေါ်ခိုင်ဇာလင်းနှင့် ဒေါ်ရည်ရည်မွန်တို့က ကမ္ဘာ့သွေးလှူရှင်များနေ့ဖြစ်ပေါ်လာပုံ၊ သွေးလှူသည့် အတွက်ရရှိလာနိုင်မည့် အကျိုးကျေးဇူးများစသည့် အကြောင်းအရာများကို အကျယ်တဝင့် အသိပညာပေးဆွေးနွေးကြကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်ရုံးသည် ပြည်သူများ ဗဟုသုတရရှိအောင် Online Talk Show များဖြင့် အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခိုင်ဇာလင်း
https://t.me/MyanmarNationalPost

No comments:
Post a Comment