ငါန်းဇွန်မြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပြိုင်ပွဲများကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငါန်းဇွန်မြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပြိုင်ပွဲများကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ



MNP ၊    ဇွန်   ၁၅

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထု အခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက် ၁၀နာရီခွဲက မြို့ပေါ်ရပ်ကွက်များမှ အခြေခံ ပညာမူလတန်းကျောင်းအုပ်များ၊ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)နှင့် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ ပူးပေါင်း၍ အပြည်ပြည် ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပြိုင်ပွဲများ ကျင်းပရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မူလတန်းအဆင့် ကဗျာရွတ်ပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြို်ပွဲနှင့် စကားပုံဆက်ပြိုင်ပွဲများကို ကျင်းပသွားမည်ဖြစ်ကြောင်း၊ ကျင်းပပြုလုပ်မည့် အစီအစဉ်များကို ရှင်းလင်းဆွေးနွေးပြောကြားပြီး၊ တက်ရောက်လာသော (အမှတ်-၁၊ ၂၊ ၃၊ ၄) အခြေခံမူလတန်းကျောင်းအုပ် ဆရာ ဆရာမများက ပြိုင်ပွဲများတွင် ကျောင်းများ အလိုက် ပါဝင်ယှဉ်ပြိုင်မည့် အတန်းအလိုက်ကျောင်းသားကျောင်းသူများကို ရွေးချယ်၍ သတ်မှတ်သည့် ခေါင်းစဉ်များအလိုက် ပြိုင်ပွဲဝင်ဦးရေနှင့် စာအုပ်စာစောင် ချစ်မြတ်နိုင်းသူများအသင်းမှ အကဲဖြတ် အမှတ်ပေးဒိုင်အဖြစ် ဆောင်ရွက်ပေးသွားရန် တင်ပြဆွေးနွေးညှိနှိုင်းခဲ့ပြီး၊ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက ပြိုင်ပွဲကျင်းပမည့်ရက်၊ အချိန်နှင့် ဆုများချီးမြှင့်ရေးကိစ္စရပ်များကို ဆွေးနွေးရာ တက်ရောက်လာသူများက ဝိုင်းဝန်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။  


သက်နောင်ဦး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)