သံတွဲမြို့နယ်တွင် စားသုံးဆီများကို စျေးနှုန်းသက်သာစွာ ရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံတွဲမြို့နယ်တွင် စားသုံးဆီများကို စျေးနှုန်းသက်သာစွာ ရောင်းချပေး




MNP ၊    ဇွန်   ၁၅

မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ အစီအစဉ်ဖြင့် ရခိုင်ပြည်နယ် ဆီလုပ်ငန်းရှင်များအသင်းက ပြည်သူများစားဝတ်နေရေးကို တစ်ဖက်တစ်လမ်းက သက်သာ ချောင်ချိမှုဖြစ်စေရန် ရည်ရွယ်၍ ဆီ ၁ ပိဿာလျှင် ပြင်ပပေါက်စျေး ၇၀၀၀ ရှိသော စားသုံးဆီများကို စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရေးအတွက် ၁၀-၆-၂၀၂၃ရက်နေ့မှ၁၄-၆-၂၀၂၃ရက်နေ့ထိ ရပ်ကွက်စျေးများတွင် လူတစ်ဦးလျှင် ၁ပိဿာနှုန်း ရောင်းချ​ပေးလျက်ရှိကြောင်း သိရသည်။


အဆိုပါ ရခိုင်ပြည်နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက ဆီ ၁ ပိဿာလျှင် ၄၈၀၀နှုန်းဖြင့် ၁၄-၆-၂၀၂၃ ရက်နေ့တွင် ရွှေကျောင်းပြင်ကျေးရွာ၌ နောက်ဆုံးနေ့အဖြစ် ဆက်လက်ရောင်းချ သွားမည်ဖြစ်ပါကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)