ဟင်္သာတမြို့နယ်တွင် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေ၊ မတည်ထောက်ပံ့ငွေများနှင့် သွင်းအားစုများအား လုပ်ငန်းရှင်များထံသို့ လွှဲပြောင်းပေးအပ်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟင်္သာတမြို့နယ်တွင် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေ၊ မတည်ထောက်ပံ့ငွေများနှင့် သွင်းအားစုများအား လုပ်ငန်းရှင်များထံသို့ လွှဲပြောင်းပေးအပ်ပွဲကျင်းပ



MNP ၊    ဇွန်   ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်အတွင်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများနှင့် အခြားစီးပွားရေး ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် နိုင်ငံစီးပွားမြှင့်တင်ရေး မတည်ထောက်ပံ့ငွေများ၊ စိုက်ပျိုးရေးနှင့် ပတ်သက်သော သွင်းအားစုများကို လုပ်ငန်းရှင် များထံသို့ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းလုပ်ငန်းများ ကြီးကြပ်အကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညွှန့်ဆန်းထွန်းက ဒေသတွင်းရှိ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိရေး အတွက် နိုင်ငံ့စီးပွား မြှင့်တင်ရေး စီမံကိန်းရန်ပုံငွေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်းများနှင့် အသေးစားလုပ်ငန်းများ ယခင်ထက် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြရန်၊ ရန်ပုံငွေများ လေလွင့်ဆုံးရှုံးမှုမရှိစေရေး၊ စီမံကိန်းရန်ပုံငွေချေးယူခြင်းနှင့် စည်းကမ်းချက်များ ကိုလည်ကောင်း ရှင်းလင်းပြောကြားခဲ့သည်။


ဟင်္သာတမြို့နယ်တွင် နိုင်ငံစီပွားမြှင့်တင်ရေး ရန်ပုံငွေမှ စိုက်ပျိုးရေးကဏ္ဍအတွက် လုပ်ငန်းရှင် အစုအဖွဲ့ (၆၀)ဦးအား စိုက်ပျိုးရေးနှင့် ပတ်သက်သည့် သွင်းအားစုများကိုလည်ကောင်း၊ မွေးမြူရေးကဏ္ဍအတွက် လုပ်ငန်းရှင် အစုအဖွဲ့ (၁၄)ဦးအား ငွေကျပ် (၁၂၁)သန်း၊ ကုန်ထုတ် လုပ်ငန်းကဏ္ဍအတွက် လုပ်ငန်းရှင်အစုအဖွဲ့(၁)ဦးအား ငွေကျပ်(၁၄)သန်း၊ MSME ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းရှင် အစုအဖွဲ့ (၁)ဖွဲ့အား ငွေကျပ်(၁၀)သန်းကို လည်ကောင်း သမဝါယမအသင်းစုမှ အစုအဖွဲ့(၂)ဖွဲ့အတွက် ကျပ် (၈၅)သန်း စုစုပေါင်း ကျပ်သန်း(၃၀၀)တို့ကို မြို့နယ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အစုအဖွဲ့ များနှင့် လုပ်ငန်းရှင်များထံသို့ လွှဲပြောင်း ပေးအပ်ခဲ့ကြသည်။


အဆိုပါ အခမ်းအနားသို့ မြို့နယ်စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းလုပ်ငန်းများ ကြီးကြပ်အကောင် အထည်ဖော်ရေး မြို့နယ်ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညွှန့်ဆန်းထွန်းနှင့် ကော်မတီအဖွဲ့ဝင်များ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ် လုပ်ငန်းများနှင့် အသေးစားလုပ်ငန်းရှင်များ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)