MNP ၊ ဇွန် ၁၅
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်းဆင်းပွဲကို ယနေ့နံနက် (၁၀)နာရီခွဲက ၎င်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသောင်းထိုက်က အဆိုပါ သင်တန်းဆင်းပွဲနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ဦးစီးမှူး ဦးဌေးမြင့်က ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ မြှင့်တင်ပေးနိုင်ရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းကောင်းများ ရရှိအောင်ဖန်တီး ဆောင်ရွက်ပေးနိုင်ရေးအတွက် ရည်ရွယ်ပြီး အသက်မွေး ဝမ်းကျောင်း အထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်း ဖွင့်လှစ်ပို့ချပေးခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ အပ်ချုပ်စက်သင်တန်းတွင် စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ထူးချွန်စွာ ကြိုးစား အားထုတ်မှုမှ ပထမဆုနှင့် ဒုတိယဆုများရရှိကြသည့် သင်တန်းသူများကို တာဝန်ရှိသူများက အသီးသီး ဆုများပေးအပ်ချီးမြှင့်ခဲ့ကြပြီး သင်တန်းဆင်းလက်မှတ်များကို ဆက်လက်ပေးအပ်ခဲ့ကာ သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသူများက စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူး ခဲ့ကြပြီး အဆိုပါ သင်တန်းကို မေလ (၁၆)ရက်မှ ဇွန်လ(၁၅)ရက်ထိ တစ်လတာ ဖွင့်လှစ်သင်ကြား ပို့ချပေးနိုင်ခဲ့ပြီး မိုးညှင်းမြို့နယ်အတွင်းရှိ ကျေးရွာ(၇)ရွာမှ သင်တန်းသူ(၁၅)ဦး တက်ရောက် ခဲ့ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment