ဖြူးမြို့နယ် ရေသျှံကြီးကျေးရွာအုပ်စုအတွက် မိုးစပါးစိုက်ပျိုးနိုင်​ရေး ချေးငွေများ ထုတ်ချေးပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဖြူးမြို့နယ် ရေသျှံကြီးကျေးရွာအုပ်စုအတွက် မိုးစပါးစိုက်ပျိုးနိုင်​ရေး ချေးငွေများ ထုတ်ချေးပေး



MNP ၊    ဇွန်   ၁၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း မိုးစပါးစိုက်ပျိုးတောင်သူများ စိုက်ပျိုးစရိတ်အတွက် အထောက်အကူဖြစ်စေရန်အတွက်ရည်ရွယ်၍ ၂၀၂၃ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများထုတ်ချေးပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းကမြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ခွဲ)၌ ရေသျှံကြီးကျေးရွာအုပ်စုအတွင်းရှိ တောင်သူများအား ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။


ထိုသို့ထုတ်ချေးရာတွင် ရေသျှံကြီးကျေးရွာအုပ်စုအတွင်းရှိ တောင်သူ(၄၀)ဦး၊ စိုက်ပျိုး ဧက(၁၈၁)ဧကအတွက် စိုက်ပျိုးဧက(၁)ဧကလျှင် ​ငွေကျပ်(၁၅၀၀၀၀)နှုန်းဖြင့် ငွေကျပ် (၂၇၁)သိန်း၊ (၅)သောင်းကို တောင်သူများလက်ဝယ်အရောက် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။


ချေးငွေထုတ်ချေးရာတွင် ချေးငွေစည်းမျဥ်းစည်းကမ်းချက်များနှင့်ညီညွတ်သော တောင်သူများကိုသာ အတိုးနှုန်းသက်သာစွာ တစ်နှစ်လျှင် အတိုး(၅)ရာခိုင်နှုန်းဖြင့် ထုတ်ချေးပေးနေခြင်းဖြစ်ကြောင်း ​မြို့နယ်မန်နေဂျာဒေါ်ညိုညိုသန်းထံမှ သိရသည်။


နေမျိုးလွင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)