ပုဇွန်တောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် လူငယ်နှင့်မူးယစ်ဆေးဝါး အသိပညာပေး Talk Show ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပုဇွန်တောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် လူငယ်နှင့်မူးယစ်ဆေးဝါး အသိပညာပေး Talk Show ကျင်းပ


MNP ၊    ဇွန်   ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့နေ့လယ် ၁ နာရီက လူငယ်နှင့်မူးယစ်ဆေးဝါး အသိပညာပေး Talk Show ကျင်းပခဲ့ကြောင်း သိရသည်။


ဆွေးနွေးပွဲတွင် ပုဇွန်တောင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဟန်စုယဉ်က လူငယ်နှင့်မူးယစ်ဆေးဝါး အသိပညာပေး Talk Show ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းဆွေးနွေးပြီး စာရေးဆရာ မောင်မောက်(ဝတ်လုံ) ဦးရဲမင်းစိုး(တရား လွှတ်တော်ရှေ့နေ)က မူးယစ်ဆေးဝါး၏အဓိပ္ပာယ်၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသည့် ဆေးဝါး များအကြောင်း၊ မူးယစ်ဆေးဝါး၏ အဓိကအုပ်စုကြီး(၃)ခုအကြောင်း၊ မူးယစ်ဆေးဝါးနှင့်စိတ်ကြွရူး သွပ်ဆေးပြားများ သုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာနိုင်မည့် ဆိုးကျိုးများနှင့် လူငယ်လူရွယ်များအနေဖြင့် မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ ရှောင်ကြည်ရမည့်အချက်များအား ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန် အကျယ်တဝင့်ဆွေးနွေးခဲ့ကြောင်း သိရသည်။


ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပုဇွန်တောင်မြို့နယ်ရုံးအနေဖြင့် အသိပညာပေး Talk Show များ၊ ဟောပြောပွဲများ၊ စာအုပ်မိတ်ဆက်၊ ပုံပြင်၊ ကဗျာရွတ် စသည့်အကြောင်းအရာများကို ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်အတွက် Online မှတစ်ဆင့် စဉ်ဆက်မပြတ် တင်ဆက်ပေးလျက်ရှိရာ ယခု Talk Show အပြည့်အစုံကိုလည်း We Love Pazundaung Facebook Page နှင့် ပုဇွန်တောင်မြို့နယ်စာကြည့်တိုက် Page များတွင် တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


ဟန်စုယဉ် 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)