NUG(NLD) အကြမ်းဖက်အဖွဲ့၏ သြဇာခံ ဖမ်းဆီးရမိ အကြမ်းဖက်သမားများနှင့် အကြမ်းဖက်လှုံ့ဆော်သူများ ပြစ်ဒဏ်ချမှတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

NUG(NLD) အကြမ်းဖက်အဖွဲ့၏ သြဇာခံ ဖမ်းဆီးရမိ အကြမ်းဖက်သမားများနှင့် အကြမ်းဖက်လှုံ့ဆော်သူများ ပြစ်ဒဏ်ချမှတ်


MNP ၊ ဇွန် ၁၃

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန် ပြည်ပြေး ဝရမ်းပြေး NUG(NLD) အကြမ်းဖက်အဖွဲ့၏ လုပ်ကြံဖန်တီးလှုံ့ဆော်မှုများနောက်တွင် လိုက်ပါပြီး အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်နေကြသည့် ဖမ်းဆီးရမိ အကြမ်းဖက်သမားများနှင့် အကြမ်းဖက်လှုံ့ဆော်သူများကို ၁၂-၆-၂၀၂၃ ရက်နေ့က သက်ဆိုင်ရာမြို့နယ်များတွင် ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။

မြောင်မြို့နယ်၊ အောင်ချမ်းသာကျေးရွာတွင် နေထိုင်လျက်ရှိပြီး PDF အကြမ်းဖက်အဖွဲ့များထံတွင် သင်တန်းတက်ရောက်ခဲ့ခြင်း၊ PDF များနှင့်အတူ အများပြည်သူများ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်ပျက်စီးစေရန်နှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအား ရန်ပြုတိုက်ခိုက်ခဲ့ခြင်း၊ စစ်လက်နက်ပစ္စည်းများ ဝယ်ယူရန် လိုအပ်သော ငွေကြေးများအား မပေးမနေရ စနစ်ဖြင့် ရွာသူ/သား များထံမှ အတင်းအဓမ္မ ကောက်ခံရာတွင် ပါဝင်ခဲ့သူ တရားခံ မင်းမင်း(ခ)ကိုမင်း အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(ည)အရ အလုပ်နှင့် ထောင်ဒဏ်(၁၀)နှစ်၊ ၅၂(က)အရ အလုပ်နှင့် ထောင်ဒဏ်(၄)နှစ်၊ (သီးခြားစီ) ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။

ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး PDF အကြမ်းဖက်အဖွဲ့များနှင့် ဆက်သွယ်ကာ လုံခြုံရေးအဖွဲ့များ သွားလာလှုပ်ရှားမှုများကို အကြမ်းဖက်အဖွဲ့များထံ သတင်းပေးပို့ခဲ့ခြင်းနှင့် ဈေးဝယ်ပေးခြင်းများ ဆောင်ရွက် ပေးခဲ့သူ တရားခံ ကျော်စိုး အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)အရ အလုပ်နှင့် ထောင်ဒဏ်(၅)နှစ်၊ တရားခံ၏မြေကွက်အတွင်းရှိ နေအိမ်(၁)လုံးအား နိုင်ငံဘဏ္ဍာ အဖြစ် သိမ်းဆည်းစေရန် ချမှတ်လိုက်ကြောင်း သိရသည်။

ယင်းမာပင်မြို့နယ်၊ မောက်လှုပ်ကျေးရွာတွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်အဖွဲ့များသို့ ဝင်ရောက်ခဲ့၍ အဖွဲ့ခေါင်းဆောင်အဖြစ်ဆောင်ရွက်ကာ ဒေသခံပြည်သူများကို ခြိမ်းခြောက်သည့် စာထုတ်ပြန်ခြင်းများ ပြုလုပ်ခဲ့သူ တရားခံ ကျော်ကျော်(ခ) ပေါက်ကျော်အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က)အရ အလုပ်နှင့် ထောင်ဒဏ်(၄)နှစ်၊ ယင်းမာပင်မြို့နယ်၊ မောက်လှုပ်ကျေးရွာတွင် နေထိုင်လျက်ရှိပြီး PDFအကြမ်းဖက်အဖွဲ့များနှင့် ဆက်သွက်ကာ အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရန် မော်တော်ယာဉ်ဖြင့် အကြိုအပို့ ဆောင်ရွက်ခဲ့သူ တရားခံ ကိုမျိုး(ခ) ဇော်မျိုးထွန်း အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က)အရ အလုပ်နှင့် ထောင်ဒဏ်(၄)နှစ်၊ ၅၂(ခ)အရ အလုပ်နှင့် ထောင်ဒဏ် (၄)နှစ် (တစ်ပေါင်းတည်း)ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)