MNP ၊ ဇွန် ၁၃
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်တွင် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သ တင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့ညနေပိုင်းက အမှတ်(၁)အထကမှ ကျောင်းသားကျောင်းသူများအား ဖြန့်ဝေပေးခဲ့ကြသည်။
အဆိုပါ လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူဆက် ဆံရေးဦးစီးဌာနမှ ထုတ်ဝေပြီး ကျောင်းသားကျောင်းသူများ သိရှိလိုက်နာသင့်သည့် အချက်များ၊ “မူးယစ်ဆေးဝါး တို့ရှောင်ရှား”၊ အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေး မူဝါဒများ၊ ဘိန်းအစားထိုး စိုက်ပျိုးရမည့် အစေ့ထုတ်ပြောင်းစံပြကွက် ဟောပြောမှုများ၊ မူးယစ်ဆေးဝါးသုံးစွဲရခြင်း အကြောင်းအရင်းများ၊ ထိထိရောက်ရောက် ရှာဖွေဖော်ထုတ်မှုများ၊ “မူးယစ်ဆေးဝါးအန္တရာယ် အမျိုးသားရေးအသွင် တိုက်ဖျက်”နှင့် “မူးယစ်ကိုပစ် ပန်းတိုင်သစ် စိတ်သစ်လူသစ် ဘဝသစ်”စသည့် ခေါင်းစဉ်များဖြင့် ဆောင်းပါးတို၊ ဆောင်ပုဒ်၊ ကဗျာနှင့် ကာတွန်းများ စုံလင်စွာ အသိပညာပေး ထည့်သွင်းဖော်ပြထားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား ကျောင်းသူများအား ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
စိုးမင်းထွန်း
https://t.me/MyanmarNationalPost




No comments:
Post a Comment