MNP ၊ ဇွန် ၁၃
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါ တိုက်ခတ်မှုကြောင့် ကျေးရွာများသန့်ရှင်း သောသောက်သုံးရေ ရရှိစေရေးအတွက် ဆားငံရည်ဝင်ရောက်သွားခဲ့သော ရေကန်များကို ရေစုတ်စက်များဖြင့် ရေများစုတ်ယူဆောင်ရွက်ပေးလျက်ရှိကြသည်။
မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ပေါက်တောမြို့နယ် င/ဝက်စွေ ကျေးရွာအုပ်စု ဇေယျဝတီကျေးရွာတွင် ယနေ့ ညနေပိုင်းတွင် ဆားငံရည်ဝင်ရောက်ခဲ့သော ရေကန် သုံးကန် အား ဆားငံရည်ရေဆိုးများ စုတ်ယူနေမှုအခြေအနေကို မြို့နယ်ဦးစီးမှူး ဦးဦးသန်းထွန်း နှင့် အင်ဂျင်နီယာ တို့မှကွင်းဆင်းကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ဝင်းမင်းစိုး
https://t.me/MyanmarNationalPost



No comments:
Post a Comment