MNP ၊ ဇွန် ၁၃
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တွင် စပါးအထွက်နှုန်းတိုးတက်မြင့်မားစေရေးအတွက် ၂၀၂၃ ခုနှစ် မိုးစပါးစိုက်ရာသီတွင် မိုးစပါးစိုက်ဧက ၇၄၈၃၄ ဧက စိုက်ပျိုးရန်လျာထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
တောင်သူများ မိုးစပါးစိုက်ပျိုးနိုင်ရန်အတွက် နှစ်စဥ်မျိုးသန့်မျိုးစေ့ပံ့ပိုးခြင်း၊ မြေဆီလွှာတွင် အာဟာရဓာတ်ပါဝင်မှုစစ်ဆေးပြီး ဓာတ်မြေသြဇာနှုန်းထား ထောက်ခံချက်ပေးခြင်း၊ ဘက်စုံပိုးမွှားရောဂါကာကွယ်ခြင်းနည်းစနစ်များ လက်တွေ့ပြသခြင်းနှင့် ကင်းထောက်စစ်ဆေးခြင်း၊ သွင်းအားစုဓာတ်မြေသြဇာများကို စျေးနှုန်းချိုသာစွာဖြင့်ရောင်းချဖြန့်ဝေပေးခြင်း၊ မိုးစပါးစိုက်ပျိုးရေးနှင့် အထွက်နှုန်းကောင်းမွန်စေရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများကို တောင်သူများနှင့်တွေ့ဆုံကာ တာဝန်ခံများက ကွင်းဆင်းဆောင်ရွက်ပေးသည်။
မုဒုံမြို့နယ်တွင် ယခင်နှစ်မိုးစပါးရာသီတွင် စိုက်ဧက ၇၈၀၀၀ ကျော်စိုက်ပျိုးခဲ့ရာ တစ်ဧကလျှင် အထွက်နှုန်း ၆၆ ဒသမ ၇၉ တင်းထွက်ရှိခဲ့ကြောင်း သိရသည်။
သားငယ်
https://t.me/MyanmarNationalPost


No comments:
Post a Comment