အမ်းမြို့နယ်၌ ၂၀၂၃ ခုနှစ် ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ တော်ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

အမ်းမြို့နယ်၌ ၂၀၂၃ ခုနှစ် ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ တော်ကျင်းပ









MNP ၊    ဇွန်   ၂၇

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ ၂၀၂၃ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်အား                 (၂၇-၆-၂၀၂၃)ရက်နေ့ နံနက် (၈:၃၀) နာရီတွင် အမ်းမြို့နယ်၊ အမ်း-စစ်တွေ ကားလမ်းဘေး၊ မိုင်တိုင်အမှတ် ၆/၀ အနီးရှိကံ့ကော်တစ်ထောင်ဘုရားဝင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။


မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်အား အမ်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် အမ်းမြို့နယ် သစ်တောဦးစီးဌာန တို့မှ ကြီးမှူးကျင်းပခဲ့ခြင်းဖြစ်ပြီး ဒေသအတွင်း ပတ် ဝန်းကျင် စိမ်းလန်း စိုပြည်လာစေရေး၊ ရာသီဥတု ကောင်းမွန်မျှတလာစေရေး၊ ပြည်သူများမှ သစ်ပင်သစ်တောများကို ပိုမိုချစ်ခင်တန်ဖိုးထားတတ် လာစေရေး ရည်ရွယ်၍ သက်တမ်းရင့် အမြင့် (၂)ပေ အထက် ပျဉ်းက တိုး(၁၂၀)ပင်၊ ပိတောက်(၅၀)ပင်၊ မဟော်ဂနီ(၇၀)ပင်၊ ရေတမာ (၅၀)ပင်၊ မန်ဂျန်ရှား(၁၇၀)ပင်၊  ကုက္ကိုလ် (၅၀)ပင်၊ ကံ့ကော်(၂၀) ပင်၊ သင်္ကန်းနက်(၇၀)ပင်၊ စုစု ပေါင်း(၆၀၀)ပင် တို့ကို  အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူး  ဗိုလ်မှူးချုပ် အောင်ကျော်မင်းဦးဆောင်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးအောင်ဇော်ထက်နှင့် အဖွဲ့ဝင်များ၊  ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖ ပြည်သူလူထုနှင့် ကျောင်းသား/ ကျောင်းသူများ စုစုပေါင်းတက်ရောက်အင်အား (၂၅၀) ဦးဖြင့် စည်ကားသိုက် မြိုက်စွာ စုပေါင်းစိုက်ပျိုးခဲ့ကြောင်းသိရှိရသည်။


စိုးမင်းထွန်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)