မြောက်ဦးမြို့နယ်အတွင်းရှိ ယာယီခိုလှုံရာစခန်းများသို့ သွားရောက်ပြီး လက်ကမ်းစာ စောင် များဖြန့် ဝေလျှက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

မြောက်ဦးမြို့နယ်အတွင်းရှိ ယာယီခိုလှုံရာစခန်းများသို့ သွားရောက်ပြီး လက်ကမ်းစာ စောင် များဖြန့် ဝေလျှက်ရှိ




MNP ၊    ဇွန်   ၂၇

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်းရှိ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထား ရေးအသိပညာပေး လက်ကမ်းစာစောင်များကို ယနေ့ နံနက် ၁၀ နာရီအချိန်က အောင်တပ် ရပ်ကွက် မင်္ဂလာအောင်စေတီဘုရား ယာယီခိုလှုံရာစခန်းသို့ သွားရောက်ဖြန့်ဝေခဲ့ကြောင်း  သိရသည်။


ထို့သို့ လက်ကမ်းစာစောင်များ ဖြန့်ဝေရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ  ယာယီခိုလှုံရာစခန်းရှိ ပြည်သူများကို ယာယီနေရပ်စွန့်ခွာ သူများဘေးကင်းလုံခြုံ မှု ရှိစေရန်၊ ဂုဏ်သိက္ခာရှိစွာနှင့် အမှီအခိုကင်းစွာဖြင့် မူလနေရပ်များသို့ ပြန်လည်အခြေချ  နေထိုင် နိုင်ရေးတွင် တရားဥပဒေစိုးမိုးရေး၊ ပညာရေး ၊ ကျန်းမာရေး၊ စီးပွားရေး စသည်တို့နှင့်အတူ အခြားသောတိုင်းနှင့်ပြည်နယ် များတွင်လည်း ယာယီခိုလှုံရာစခန်းများရှိပြည်သူများမိမိ နေထိုင်ရာ ကျေးရွာများသို့ ပြန်လည်ပို့ဆောင်ပေးနေပြီဖြစ်ကြောင်း စသည့်တို့ကို ပြော ကြား၍ အသိပညာ ပေးလက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေလျှက်ရှိ ကြောင်း သိရသည်။


မြင့်စိုး

 https://t.me/MyanmarNationalPost











No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)