MNP ၊ ဇွန် ၂၀
ရခိုင်ပြည်နယ်၊မြောက်ဦးခရိုင်၊မြောက်ဦးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ဇွန်လ (၂၆) ရက်နေ့တွင်ကျရောက်မည့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကဗျာရွတ်ပြိုင်ပွဲကို ယမန်နေ့ က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြောက်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အကြီးတန်းစာရေး ဦးတင်ဝင်း က ကျောင်းသား၊ကျောင်းသူများအနေဖြင့် မူးယစ်ဆေးဝါးအန္တရာယ်သတိပြုစေရေး၊ မူးယစ်ဆေးဝါးသည် ဦးနှောက်နှင့်အာရုံကြောကို ထိခိုက်ထုံထိုင်းစေခြင်း၊ ကိုယ်ခန္ဓာကိုတစ်နည်း နည်းဖြင့်ဘေးအန္တရာယ်ဖြစ်စေခြင်း၊သုံးစွဲသူသည် ဆေးဝါးအပေါ်စိတ်ရောကိုယ်ပါ စွဲလမ်းမှုဖြစ် စေခြင်း၊ ဆက်လက်မသုံးစွဲဘဲ မနေနိုင်အောင် ဖန်တီးထားသည့် ဆေးဝါးများဖြစ်ကြောင်း စသော အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကဗျာရွတ်ပြိုင်ပွဲ အား ဆက်လက်ကျင်းပရာ မူလတန်းအဆင့်နှင့်အလယ်အဆင့် ကျောင်းသား၊ကျောင်းသူ(၂၀) ဦးဝင်ရောက်ယဉ်ပြိုင်ကြရာ ပထမ၊ဒုတိယ၊တတိယဆု ရရှိသူများကို တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
မြင့်စိုး
https://t.me/MyanmarNationalPost




No comments:
Post a Comment