စာသင်ကျောင်းမဖွင့်လှစ်ရန် ပြည်ပြေး ဝရမ်ပြေး ပြည်ဖျက်မိစ္ဆာ NUG(NLD) အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများက လာရောက် ခြိမ်းခြောက်စာကပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စာသင်ကျောင်းမဖွင့်လှစ်ရန် ပြည်ပြေး ဝရမ်ပြေး ပြည်ဖျက်မိစ္ဆာ NUG(NLD) အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများက လာရောက် ခြိမ်းခြောက်စာကပ်



MNP ၊ ဇွန် ၂၀

 မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြိုနယ်၊ ဆင်ကြိုကျေးရွာ၊ အထက(ခွဲ) အတွင်းသို့ ယမန်နေ့ နံနက် ၆နာရီခွဲခန့်က ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာ NUG(NLD) အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများက လက်လုပ်သေနတ်များ ကိုင်ဆောင်၍ ရောက်ရှိလာပြီး  ဆရာ/ဆရာမများအား ဆဲဆိုကာ ကျောင်းအဝင် တံခါးပေါက်တွင် ကျောင်းမဖွင့်ရန် ရေးသားထားခဲ့ကြောင်း သိရသည်။

ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာ NUG(NLD) အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများက ကပ်ထူစက္ကူပေါ်၌ မှင်အနီရောင်ဖြင့် "သတိ ကျောင်းလုံးဝ(လုံးဝ)မဖွင့်ရ ၊ ဖွင့်ပါက ဖြစ်လာမည့် ပြဿနာ တာဝန်မယူပါ" "သတိ ဆရာ/ဆရာမများနှင့် ကျောင်းသူ/ကျောင်းသား အသက်အန္တရာယ် တာဝန်မယူပါ" ဟု ပါရှိသော စာသားများအား ချိတ်ဆွဲထားခဲ့ခြင်းဖြစ်သည်။

ပြည်ဖျက်မိစ္ဆာများက ပညာရေးကဏ္ဍအား ယခုကဲ့သို့ နှောက်ယှက်နေသည့်အပေါ် ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာ NUG(NLD) ရဲ့ လက်ပါးစေ PDF အကြမ်းဖက်သမားများ ဆိုးဆိုးရွားရွား သောင်းကျန်းနေတဲ့ နယ်မြေတွေမှာ စာသင်ကျောင်းတွေ ပိတ်ပေးရန် အစီအစဉ် ရှိပါသလား။ ထိုကဲ့သို့ ဆောင်ရွက်ပေးနိုင်ခြင်း မရှိပါက ဆရာ/ ဆရာမများရဲ့ လုံခြုံရေးကို ဘယ်လိုဆောင်ရွက်ပေးနိုင်မလဲ။ လူငယ်တွေရဲ့ ရှေ့ဆောင်လမ်းပြ ဆရာ/ဆရာမတွေ ကိုယ်တိုင်က စိုးရိမ်သောက၊ အကြောက်တရားနဲ့ စာသင်နေရတဲ့ အခြေအနေဟာ ဘယ်လိုမှ မသင့်တော်ကြောင်း မြန်မာနေရှင်နယ်ပို့စ် က နစက သတင်းမှန် ပြန်ကြားရေးသို့ မေးမြန်းထားသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)