ငလျင်ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးသရုပ်ပြခြင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငလျင်ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးသရုပ်ပြခြင်း


MNP ၊    ဇွန်   ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၌ ငလျင်ဘေးအန္တရာယ် ကျရောက်လာပါက အလျင်အမြန်တုံ့ပြန်ဖြေရှင်း ဆောင်ရွက်နိုင်ရန် ယမန်နေ့ နံနက်(၁၁)နာရီ (၃၀)မီးနစ်အချိန်က အခြေခံပညာအထက်တန်းကျောင်းတွင် ငလျင်ဘေးအန္တရာယ်သဏ္ဍန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းဖွင့်ပွဲ အခမ်းအနားကို အစီအစဥ်(၅)ရပ်ဖြင့် ပြုလုပ်ခဲ့ကြောင်း သိရသည်။


အစီအစဥ်အရ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု့ဥက္ကဋ္ဌ ဦးသန်းချစ်အေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည်မြို့နယ် ဦးစီးမှူးရုံး၊ မြို့နယ်ဦးစီးမှူး ဒေါ်လဲ့ရည်ချိုမှ ငလျင်ဘေးအန္တရာယ် သဏ္ဍဇာတ်တိုက် လေ့ကျင့်ခန်းပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် အသိပညာများ ဟောပြောခဲ့သည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများ၊ နယ်မြေမီးသတ်တပ်ဖွဲ့စခန်းမှ မီးသတ်ဦးစီးမှူး ဦးဝင်းနိုင်တို့က ဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရံမီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ အာယုပါလ ပရဟိတအဖွဲ့များက ငလျင်ဘေးအန္တရာယ် အသိပညာပေး ဇာတ်တိုက်လေ့ကျင့်မှု သရုပ်ပြဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အဆိုပါအခမ်းအနားသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့အဆင့်ဌာနဆိုင်ရာများ၊ ဆရာ/ ဆရာမများ ကျောင်းသူ/ကျောင်းသားများ၊ မြို့ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတ အဖွဲ့များဖြင့် စုစုပေါင်း အင်အား(၅၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)