ဗန်းမော်မြို့နယ် လူငယ်သင်တန်းကျောင်း၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗန်းမော်မြို့နယ် လူငယ်သင်တန်းကျောင်း၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ပြုလုပ်







MNP ၊ ဇွန် ၂၂

ကချင်ပြည်နယ်၊ဗန်းမော်မြို့တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း၏ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ဇွန် ၂၂ ရက် နံနက် ၇ နာရီခွဲက ပေါက်ကုန်းရပ်ကွက်ရှိ အဆိုပါကျောင်းဝင်းအတွင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောင်းဝင်းစိုပြေသာယာလှပရေးအတွက် အရိပ်ရအပင်များ စိုက်ပျိုးပွဲတွင်  ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးခွန်စိန်မြင့်၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဦးလောင်းထန် တို့က တက်ရောက်လာကြသူများအား သစ်ပင်ပျိုးပင်များ ပေးအပ်ခဲ့ပြီး စုပေါင်းသစ်ပင်စိုက်ပျိုးခဲ့ကြသည်။

အဆိုပါကျောင်းဝင်းအတွင်း ကျွန်း (၅၀)ပင် ၊ မဟော်ဂနီ (၂၀)ပင် ၊ ပျဉ်းကတိုး (၃၀)ပင် ၊ ခရေ (၁၁)ပင်၊ စိန်ပန်း (၁၀)ပင် စုစုပေါင်းပျိုးပင် (၁၂၁)ပင် စိုက်ပျိုးခဲ့ကြပြီး ဖိတ်ကြားထားသူများ၊ ဆရာဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသားကျောင်းသူ စုစုပေါင်း (၁၃၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)