မြို့ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးဌာနဆိုင်ရာဝန်ထမ်းများမှ စုပေါင်းသန့်ရှင်းရေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြို့ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးဌာနဆိုင်ရာဝန်ထမ်းများမှ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်






MNP ၊    ဇွန်   ၁၃

ရခိုင်ပြည်နယ်၊စစ်​တွေခရိုင် ၊ရသေ့တောင်မြို့တွင် မြို့သန့်ရှင်းသာယာလှပရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများနှင့်စုပေါင်းသန့်ရှင်းရေးကို လူထု လှုပ်ရှားမှုအသွင်ဖြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ညနေပိုင်းအချိန်တွင်အဖွဲ့(၃)ဖွဲ့ခွဲ၍စုပေါင်းဆောင် ရွက်ခဲ့ ကြောင်း သိရသည်။


ထိုသို့စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင်  မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ ၊ မီးသတ်တပ်ဖွဲ့ဝင်များကမိမိတို့တာဝန်ကျရာ လမ်းများစာသင်ကျောင်းများအလိုက် လမ်းဘေးဝဲယာတစ်လျှောက် မြက်နှင့်ခြုံနွယ်များခုတ်ထွင်ရှင်းလင်းခြင်း ၊ အမှိုက်ကောက်ခြင်း များစုပေါင်းဆောင်ရွက်ခဲ့ပြီး အမှိုက်သရိုက်များအား မြို့နယ်စည်ပင်ဝန်ထမ်းများမှအမှိုက်သိမ်းကားများဖြင့်လိုက်လံသိမ်းဆည်းခြင်း၊သတ်မှတ်နေရာ၌စွန့်ပစ်ခြင်း၊မီးရှို့ခြင်းများဆောင်ရွက်ခဲ့​ကြောင်းသိရှိရပါသည်။


အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာသို့  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးနိုင်လင်းထက်နှင့်အဖွဲ့ဝင်များကရောက်ရှိစစ်ဆေးကာ လိုအပ်သည် များကိုဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)