MNP ၊ ဇွန် ၁၄
မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြိုနယ်၊ အောင်နန်းကျေးရွာအနီးတွင် PDF ပဒက်များ ခိုအောင်းနေကြောင့် တာဝန်သိပြည်သူ၏ သတင်းပေးချက်အရ ယမန်နေ့ နံနက် ၅နာရီဝန်းကျင်က လုံခြုံရေးအဖွဲဝင်များ သွားရောက်ရှင်းလင်းခဲ့ရာ ပြည်ပြေး ဝရမ်းပြေး NUG(NLD) အကြမ်းဖက်အဖွဲ့၏ သြဇာခံ PDF အကြမ်းဖက်သမားများနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး PDF အကြမ်းဖက်သမားများ ထွက်ပြေးတိမ်းရှောင်သွားကြသည်။
အဆိုပါ ရှင်းလင်းမှုဖြစ်စဉ်အတွင်း PDF အကြမ်းဖက်သမား ၁ဦးကို အသေဖမ်းဆီးရမိပြီး အေကေ ကျည်အိမ် ၁ ခု၊ အေကေကျည် ၁၈ တောင့်၊ - Sniper ဒေါက် ၁ ခု၊ လက်လုပ်မိုင်းမျိုးစုံ ၃ လုံး၊ ရီမု ၄ ခု၊ အိုင်ကွန် ၁ လုံး၊ အိုင်ကွန် အားသွင်းခုံ ၁ ခု၊ ကျည်ကာအင်္ကျီ ၁ ထည်၊ ကျောပိုးအိတ် ၁ လုံး၊ ပိုကျည် စလွယ် ၁ ခု၊ People Defean Force တံဆိပ်ပါ အင်္ကျီ ၁ ထည်၊ ပြောက်ကျားဘောင်းဘီ ၁ ထည်၊ ပြောက်ကျား လည်တို ဖိနပ် ၁ ရံ၊ ဘယ်ရီဦးထုပ် ၂ လုံး၊ ခါးပတ်စိမ်း ၁ ခု၊ ပြောက်ကျားဝတ်စကုတ် ၁ ထည်၊ ပြောက်ကျားအင်္ကျီ ၂ ထည်၊ PDF လည်စီး ၁ စီး၊ ဆိုင်ကယ် ၃ စီး၊ ကား ၁ စီး၊ ဆိုင်ကယ်ဘတ္ထရီအိုး ၁၆ လုံး၊ မီတာတိုင်းခွက် ၂ ခု၊ မှတ်ပုံတင်စာအုပ် ၁ အုပ်တို့အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
#MyanmarNationalPost





No comments:
Post a Comment