MNP ၊ ဇွန် ၁၃
ရခိုင်ပြည်နယ် မောင်တောမြို့တွင် ပြန်လည်ထူထောင်ရေးအတွက် ရောက်ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေသည် တာ၀န်ရှိသူများ နှင့် အတူ မုန်တိုင်းဘေးကြောင့် ပျက်စီးခဲ့သည့် သာသနိကအဆောက်အဦ များ နှင့် ဘုန်းတော်ကြီး ကျောင်းများ အတွက် ထောက်ပံ့ပစ္စည်းများ လှူဒါန်းခြင်းကို ယနေ့ နေ့လယ်ပိုင်းက မြေပြင်ကွင်းဆင်း လိုက်လံထောက်ပံ့ လှူဒါန်းပေးအပ်ခဲ့ကြသည်။
အဆိုပါ ပြန်လည်ထူထောင်ရေးအတွက် ရောက်ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌ ဦးနေဦး နှင့် တာ၀န်ရှိသူများသည် မောင်တောမြို့နယ်အတွင်း မုန်တိုင်းဘေးကြောင့် လေဘေးသင့်ပြီး ပျက်စီးခဲ့သည့် သာသနိက အဆောက်အဦများ နှင့် ဘုန်းတော်ကြီးများဖြစ်သော သုံးမိုင်ပရဟိတကျောင်း ၊ သန္တိသုခကျောင်း ၊ ကျောက် ပန္ဒူ ကျေးရွာ ၊ အင်းဒင်ကျေးရွာ ၊ပဲရုံကျေးရွာ၊ အောင်သုခကျေးရွာများရှိ ဘုန်းကြီးကျောင်းများသို့ သွားရောက်ပြီး ကျောင်း ထိုင် ဆရာတော်များအား ဖူးမျှော်ကြည်ညိုကာ န၀ကမ္မအလှူငွေများ ၊ ဆန် ၊ ဆီ ၊ ခေါက်ဆွဲ ၊ အချိုရည် တို့အား ဆက်ကပ်လှူဒါန်းပြီး ပျက်စီးခဲ့သော သာသနိက အဆောက်အဦ များ နှင့် ဘုန်းတော်ကြီး ကျောင်းများ ဆောက်လုပ်နိုင် ရေးအတွက် သွပ် နှင့် သစ်များအားကျောင်းထိုင်ဆရာတော်များထံသို့ တာ၀န်ရှိသူများက အသီးသီး ထောက်ပံ့ လှူဒါန်း ခဲ့ကြ သည်။ မုန်တိုင်းကြောင်း ပျက်စီးခဲ့သော သာသနိက အဆောက်အဦများ နှင့် ဘုန်းတော်ကြီး ကျောင်း များ အတွက် ထောက်ပံ့ပေးအပ်ရာတွင် ၃ မိုင်ပရဟိတ ကျောင်း ၊သန္တိသုခကျောင်း ၊ ကျောက်ပန္ဒူကျောင်း ၊ အင်းဒင်ကျောင်း ၊ပဲရုံ ကျောင်း နှင့် အောင်သုခ ဘုန်းကြီးကျောင်းများအတွက် ထောက်ပံ့ငွေ ၁၀ သိန်း ၊ သွပ် ၁၀၅၅ ချပ် ၊ ခေါက်ဆွဲခြောက် ၂၁၆၀ ထုပ် ၊ ဆီဗူး ၃၀ ဗူး ၊ ဆန် ၁၀ အိတ် ၊ သစ် ၁၁ ဒဿမ ၆၉၈ တန် တို့အား ထောက်ပံ့လှူဒါန်း ပေးခဲ့ပြီး ဖြစ် ကြောင်းသိရသည်။
သက်လွင်စိုး ၊ အောင်ကျော်စိန်
https://t.me/MyanmarNationalPost
No comments:
Post a Comment