MNP ၊ ဇွန် ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ၂၀၂၃ခုနှစ် ဇွန်လ (၂၆)ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးစားမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို Talk Show ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ (၁၃:၀၀) နာရီအချိန် လဟယ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းတွင်ကျင်းပပြုလုပ်ပါသည်။
ရှေးဦးစွာ မြို့နယ်ဦးစီးမှူး ဦးရှားဆက်ကမူးယစ်ဆေးဝါးဆိုတာဘာဘဲ၊ ဘယ်အရာတွေကို မူးယစ်ဆေးဝါးအဖြစ်သတ်မှတ်ဘာသလဲ၊ မူးယစ်ဆေးဝါးအန္တရာယ်သည်မည်မျှ ကြီးမားပါသလဲနှင့် တန်ဖိုးရှိလှတဲ့လူငယ်ဘဝတွေ မူးယစ်ဆေးဝါးအန္တရာယ်မှ ကင်းစင်အောင်ဘာတွေဆောင်ရွက်သင့်သလဲစသော မေးခွန်းများကို လဟယ်မြို့နယ်ရဲတပ်ဖွဲ့မူး ရဲမူးရန်အေးက မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာများနှင့် မူးယစ်ဆေးဝါး၏ဆိုးကျိုးများကို ရှင်းလင်းပြောကြားပါသည်။
အဆိုပါ ၂၀၂၃ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးစားမှုနှင့် တရားမဝင်ရောင်ဝယ်တိုက်ဖျက်ရေးနေ့ အကြို Talk Show ဆွေးနွေးပွဲကို လဟယ်မြို့နယ်ဦးစီးမှူးဦးရှားဆက်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးရန်အေး တို့ကအသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရှိ ရပါသည်။
ပါမင်းလှိုင်
https://t.me/MyanmarNationalPost



No comments:
Post a Comment