MNP ၊ ဇွန် ၁၄
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် နယ်မြေဒေသဖွံ့ဖြိုးရေးအဖွဲ့ဝင် ဗိုလ်မှူးကြီး အောင်ကျော်မိုးသည် ယမန်နေ့ မွန်းလွဲပိုင်းအချိန်က တာမွေမြို့နယ် အဝေရာလမ်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ တာမွေဒေသဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ညှိနှိုင်းဆွေးနွေးခဲ့သည်။
အစည်းအဝေးတွင် တာမွေမြို့နယ် နယ်မြေဒေသဖွံ့ဖြိုးရေးအဖွဲ့ဝင် ဗိုလ်မှူးကြီး အောင်ကျော်မိုးက အဖွင့် အမှာစကားပြောကြားရာ၌ “ တာမွေမြို့နယ်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသည့် သက်ဆိုင်ရာဌာနများအနေဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲပြဿနာများနှင့် လိုအပ်ချက်များအား မိမိတို့ထံ ရင်းနှီး ပွင့်လင်းစွာ တင်ပြနိုင်ပါကြောင်း၊ မိမိတို့အနေဖြင့်လည်း သက်ဆိုင်ရာဌာနများ၏ လုပ်ငန်းခွင် အခက်အခဲများနှင့် လိုအပ်ချက်များအား တတ်နိုင်သမျှ ဖြည့်ဆည်းကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ သို့မှသာ တာမွေမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်မှာဖြစ်ပြီး မြို့နယ်အတွင်းရှိ ပြည်သူများ၏ လူမှုစီးပွား ဘဝများလည်း တိုးတက်ကောင်းမွန်လာမှာဖြစ်သလို လူနေမှုအဆင့်အတန်းများလည်း တိုးတက်မြင့်မားလာနိုင်မည် ဖြစ်ပါကြောင်း ” စသည်ဖြင့် ပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသော တာမွေမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက မြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် လုံခြုံရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ သက်ဆိုင်ရာ ကဏ္ဍများအလိုက် အသေးစိတ် ရှင်းလင်းဆွေးနွေးတင်ပြခဲ့ကြရာ တာမွေမြို့နယ် နယ်မြေဒေသဖွံ့ဖြိုးရေးအဖွဲ့ဝင် ဗိုလ်မှူးကြီး အောင်ကျော်မိုးက တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
အစည်းအဝေးသို့ တာမွေမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန် ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်
https://t.me/MyanmarNationalPost






No comments:
Post a Comment