ကလေးဝမြို့နယ်တွင် အများပြည်သူ အသုံးပြုနေသည့် လမ်းကို PDF အကြမ်းဖက်အုပ်စုက မိုင်းခွဲဖျက်ဆီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကလေးဝမြို့နယ်တွင် အများပြည်သူ အသုံးပြုနေသည့် လမ်းကို PDF အကြမ်းဖက်အုပ်စုက မိုင်းခွဲဖျက်ဆီး




MNP ၊ ဇွန် ၁၄

ကလေးဝမြို့နယ်၊ ရွာသာကျေးရွာအုပ်စု၊ ပလူဇဝကျေးရွာအနီး ကလေးဝ-မော်လိုက်ကားလမ်းရှိ တံတားအား ယမန်နေ့ နံနက်ပိုင်းက PDF အကြမ်းဖက်သမားများက မိုင်းထောင်ဖျက်ဆီးခဲ့ကြောင်း သိရှိရပါသည်။

ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာ NUG(NLD) အကြမ်းဖက်အဖွဲ့၏ သြဇာခံ PDF အကြမ်းဖက်သမားများ၏ မိုင်းထောင်ဖောက်ခွဲမှုကြောင့် တံတားကြမ်းခင်း ၃ ပေခွဲခန့် ပတ်လည် ၁နေရာ ပေါက်ပြဲ၊ ၁ ပေခွဲခန့် ပတ်လည် ၁နေရာ ပေါက်ပြဲပျက်စီးခဲ့ပြီး တံတားလက်ရမ်းများ ပျက်စီးသွားခဲ့ကြောင်း သိရှိရပါသည်။


#MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)