ညောင်ဦးမြို့နယ်တွင် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနနှင့် ခရိုင်/မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့တို့ ပူးပေါင်းကာ တစ်နှစ်အောက်ကလေးငယ်များကာကွယ်ဆေးထိုးနှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်ဦးမြို့နယ်တွင် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနနှင့် ခရိုင်/မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့တို့ ပူးပေါင်းကာ တစ်နှစ်အောက်ကလေးငယ်များကာကွယ်ဆေးထိုးနှံ



MNP ၊    ဇွန်   ၂၃

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် တစ်နှစ်အောက်ကလေးငယ်များ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများအား ယနေ့နံနက် ၉ နာရီအချိန်မှစတင်ကာ တစ်နှစ်အောက် ကလေးငယ်များကာကွယ် ဆေးထိုးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။


အဆိုပါ တစ်နှစ်အောက်ကလေးငယ်များ ပုံမှန်ကာကွယ်ဆေးထိုးခြင်းလုပ်ဆောင်လျက်ရှိရာ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးမှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်နန်းဆိုင်စိန်၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်ထားထားလွင်၊ မြို့နယ်မိခင်နှင့် ကျန်းမာရေးဌာနမှ ဝန်ထမ်းများသည် အောင်သပြေရပ်ကွက်ရှိ တစ်နှစ်အောက်ကလေးငယ်များ၊ ဇေယျဝတီရပ်ကွက်၊ စိုက်ပျိုးရေး ဝန်ထမ်းအိမ်ယာ၊ အောင်ဇေယျရပ်ကွက်ရှိ တစ်နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ပုံမှန်ကာကွယ်ဆေးထိုးနှံပေးသည့် ရပ်ကွက်များမှကလေးငယ်များ အာဟာရဖွံ့ဖြိုး ကြွယ်ဝစေရန် ခရိုင်/မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းအဖွဲ့မှကြက်ဥများပေးဝေခဲ့ကြောင်းသိရပြီး မြို့နယ်မိခင်နှင့် ကျန်းမာရေးဌာနက တစ်နှစ်အောက်ကလေးငယ် (၅၀) ဦးအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်းသိရသည်။


ဒီပါလင်း


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)