ချီ‌ဖွေမြို့နယ် အခြေခံပညာ အထက်တန်းကျောင်းတွင် မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိ ပညာပေး‌ ဟောပြောပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ချီ‌ဖွေမြို့နယ် အခြေခံပညာ အထက်တန်းကျောင်းတွင် မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိ ပညာပေး‌ ဟောပြောပွဲကျင်းပ


MNP ၊    ဇွန်   ၂၃

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူး ယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို မူးယစ်ဆေးဝါးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ နံနက် (၁၀) နာရီက ချီဖွေမြို့၊ အခြေခံပညာ အထက်တန်း ကျောင်း၌ ကျင်းပခဲ့သည်။ 


ရှေးဦးစွာ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး လင်းထူးက ကျောင်းသား/သူများအား မူးယစ်ဆေးဝါး အန္တရာယ်က တိုင်းပြည်၏ အနာဂတ်ကို ကြီးမားတဲ့ခြိမ်းခြောက်မှု အန္တရာယ်တစ်ခု ဖြစ်တာ ကြောင့် ကျောင်းသား/သူများအနေဖြင့် မူးယစ်ဆေးဝါးအန္တရာယ်ကို သိရှိနားလည် ရှောင်ရှားတတ်ရန်၊ မူးယစ်ဆေးသုံးရခြင်း အဓိကအကြောင်းအရင်းများ၊ မူးယစ်ဆေးသုံးစွဲခြင်းကြောင့် ဖြစ်ပွားတတ်သော ရုပ်ပိုင်း/ စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးများအားလည်းကောင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဂွါဇာလေးက ယနေ့လူငယ်နှင့် မူးယစ်ဆေးဝါး အကြောင်းအား လည်ကောင်း၊ ဒုတိယရဲမှူး သန့်ကျော် က မူးယစ်ဆေးဝါးဆိုင်ရာ ပြစ်မှုနှင့် ပြင်ဒဏ်များ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေး‌ ဟောပြောခဲ့ကြသည်။


ဆက်လက်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသူ၊ ကျောင်းသားများအား အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါအလွဲသုဲးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


ယော်ကိ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)