မော်လမြိုင်ကျွန်းမြိုနယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲပြုလုပ် ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မော်လမြိုင်ကျွန်းမြိုနယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲပြုလုပ် ဆောင်ရွက်


MNP ၊    ဇွန်   ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ မော်လမြိုင်ကျွန်းမြိုနယ်  လူထုအခြေပြု ဗဟိုဌာန  Community Centre ခန်းမတွင် လူငယ်ရေးရာ   အသိပညာပေး  ဟောပြောပွဲကို ယမန်နေ့နံနက် (၀၉:၃၀) နာရီအချိန်က ပြုလုပ်ဆာင်ရွက်ခဲ့ကြောင်း သိရသည်။


အဆိုပါ ဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  မြို့နယ် ဦးစီးမှူးဒေါ်နုနု‌အေးက လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်‌‌ရေး သိကောင်းစရာများနှင့် မူးယစ်‌ဆေးဝါး၏ ဆိုးကျိုးများနှင့် ပြစ်မှုနှင့်ပြစ်ဒဏ်များကို လည်းကောင်း၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ  ဒေါ်နှင်းမိုးလှိုင်က လူငယ်နှင့်၊ အားကစားဆိုင်ရာ အသိပညာများကိုလည်းကောင်း၊‌ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး(ကိုယ်စား) ဦးထိုက်ထိုက်က သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍‌ လေမုန်တိုင်းဘးနှင့် သဘာဝ‌ဘေးအန္တရာယ်ဆိုင်ရာ‌ ဆောင်ရန်၊‌  ရှောင်ရန်များကိုလည်းကောင်း  အသီးသီး ဟောပြောခဲ့ကြကြောင်း သိရသည်။


အခမ်းအနားသို့ ကျောင်းသား/သူ စုစုပေါင်း(၁၂၅)ဦးခန့် တက်‌ရောက်ပြီး တက်ရောက်လာသူ များအား ရုံးချုပ်မှပေးပို့သော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


ရဲကိုမောင်

 https://t.me/MyanmarNationalPost



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)