ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ အေးသာယာစက်မှုဇုန်နှင့် မွေးမြူရေးဇုန်ရှိ လုပ်ငန်းရှင်များနှင့်တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ အေးသာယာစက်မှုဇုန်နှင့် မွေးမြူရေးဇုန်ရှိ လုပ်ငန်းရှင်များနှင့်တွေ့ဆုံ



MNP ၊    ဇွန်   ၁၇

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်လူမှုရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့သည် ယမန်နေ့နံနက်(၁၀)နာရီက တောင်ကြီးမြို့နယ် အေးသာယာစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီရုံး အစည်းအဝေးခန်းမ၌ စက်မှုလုပ်ငန်းရှင်များနှင့် တွေ့ဆုံကြောင်း သိရသည်။


တွေ့ဆုံပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက အေးသာယာစက်မှုဇုန်တွင် လုပ်ငန်းများ လည်ပတ်ဆောင်ရွက်နေသည်ကို သိရှိရပါကြောင်း၊ ယခုလုပ်ငန်းသည် ယခင်ကရှိပြီးသားဖြစ်သော်လည်း ထိထိမိမိ ဆောင်ရွက်ရန်လိုကြောင်း၊ စက်မှုလုပ်ငန်းရှင်များအနေဖြင့် တွေ့ကြုံနေရသည့် အခက်အခဲနှင့် ဆောင်ရွက်ပေးစေလိုသည့် ကိစ္စရပ်များတင်ပြပေးကြရန်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကူညီဆောင်ရွက်ပေးရမည့် ကိစ္စရပ်များကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။


ဆက်လက်၍ အေးသာယာစက်မှုလုပ်ငန်းရှင်များမှ မိမိတို့တွေ့ကြုံနေရသည့် လုပ်ငန်းနှင့်ပတ်သက်သော အခက်အခဲများ ဆောင်ရွက်ပေးနိုင်ရန် ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက စက်မှုလုပ်ငန်းရှင်များ၏ တင်ပြချက်အပေါ် ချက်ချင်းဆောင်ရွက်ပေးရမည့် ကိစ္စရပ်များကို ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ဖြည့်စွက်ပြောကြားသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အေးသာယာစက်မှုဇုန်ရှိ နယူးလိုက်စက်ရုံတွင် ဆိုင်ကယ် ဖင်ထိုင်ခုံနှင့် ပလပ်စတစ်ဆီပုံးလုပ်ငန်း ထုတ်လုပ်နေမှု၊ ပြည်လုံးချမ်းသာ တိုင်းရင်းဆေးထုတ်လုပ်နေမှု၊ ငွေတောင်ဆီစက်ရုံနှင့်တွင်ခုံလုပ်ငန်း ထုတ်လုပ်နေမှုကို လှည့်ကြည်ရှူစစ်ဆေးခဲ့ကြောင်း သိရသည်။


၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရှမ်းရိုးမမွေးမြူရေးဇုန်သို့ သွားရောက်ရာ မွေးမြူရေးဇုန် ရှင်းလင်းဆောင်ခန်းမတွင် ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာမြတ်ဟိန်း အောင်က ရှမ်းရိုးမမွေးမြူရေးဇုန်နှင့် ပတ်သက်၍ ရှင်းလင်းပြီး တက်ရောက်လာကြသည့် မွေးမြူရေး လုပ်ငန်းရှင်များမှ ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက မွေးမြူရေးအတွက် ဥစားကြက်အစာနှင့်ပတ်သက်၍ ပြန်လည်ဆွေးနွေးပြီး လုပ်ငန်းရှင်များ၏ တင်ပြချက်အပေါ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။


ယင်းနောက် မွေးမြူရေးဇုန်ရှိ ဦးစိုင်းလုံ၏အအေးခန်း ဥစားကြက် မွေးမြူထားရှိမှုကို သွားရောက် ကြည့်ရှုစစ်ဆေးကြကြောင်း သိရှိရသည်။


မောင်မောင်သန်း 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)