MNP ၊ ဇွန် ၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သု့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြုပြုဗဟိုဌာနတွင် ယနေ့ နံနက် ၉ နာရီက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ၊ ကဗျာရွတ်ပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ကျင်းပသည်။
ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူး ဦးဖိုးချိုက ကလေးအလုပ်သမားဖြစ်ရသည့်အကြောင်း၊ ကလေးအလုပ်သမား ပပျောက်ရေး ရည်မှန်းချက် (၃) ချက်တို့ကို ရှင်းလင်းပြောကြားသည်။
ထို့နောက် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား ကဗျာရွတ်ပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပပြီး ခင်းကျင်းပြသထားသည့် စာအုပ် စာစောင်များ၊ နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
မျိုးဝင်းညို
https://t.me/MyanmarNationalPost


No comments:
Post a Comment