မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ချောင်းဆုံမြို့နယ်ရှိ မိုးစပါးစိုက် တောင်သူများအား မျိုးစပါးထောက်ပံ့ခြင်းနှင့် ပိုက်ဆံလျှော် (သစ်စိမ်း) မြေဩဇာ ထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ချောင်းဆုံမြို့နယ်ရှိ မိုးစပါးစိုက် တောင်သူများအား မျိုးစပါးထောက်ပံ့ခြင်းနှင့် ပိုက်ဆံလျှော် (သစ်စိမ်း) မြေဩဇာ ထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲ တက်ရောက်





MNP ၊    ဇွန်   ၁၇

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်အတွင်း ဒေသတွင်း ဝမ်းစာဖူလုံရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးစိုက် တောင်သူများအား မျိုးစပါးထောက်ပံ့ခြင်းနှင့် ပိုက်ဆံလျှော် (သစ်စိမ်း) မြေဩဇာ ထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့ နံနက်(၈း၀၀)နာရီက ဒေါင်းရပ် အရှေ့ကျေးရွာ ကွင်းအမှတ်(၆၄၆)လယ်မြေတွင် ကျင်းပခဲ့ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်ခဲ့ကြသည်။


ရှေးဦးစွာ မွန်ပြည်နယ် ဝန်ကြီးချုပ်က ပြည်နယ်တစ်ဝန်း ဆန်စပါး ပေါ်ကြွယ်ဝစွာ စိုက်ပျိုး ပြီး ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေမှု အခြေအနေများ၊ MSME လုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေး မြို့တစ်မြို့လျှင် အနည်းဆုံး ဒေသထုတ်ကုန် တစ်ခုထုတ်လုပ်နိုင်းရေး ဆောင်ရွက် ရန်၊  စိုက်ပျိုးရေး နှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုများကို ခေတ်မီ နည်းစနစ်များ ဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြရန် ၊ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အစိုးရ အဖွဲ့မှ ပံ့ပိုးဆောင်ရွက်လျက်ရှိကြောင်း စသည်ဖြင့်ပြောကြားသည်။


ထို့နောက် မြို့နယ် ဦးစီးမှူး ဦးကျော်လွင်က ၂၀၂၃ ခုနှစ် မိုးစပါး စိုက်ပျိုးနေမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် တောင်သူများအား တာဝန်ရှိသူများမှ မျိုးစပါးနှင့် သဘာဝ မြေဩဇာများ ထောက်ပံ့ပေးအပ်ခဲ့သည်။


ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့က တောင်သူ(၁၅)ဦး၏ လယ်ဧက(၅၀) အတွင်း မြေဆီလွှာဖွံ့ဖြိုးရေး အတွက် စိုက်ပျိုးထား သည့် ပိုက်ဆံလျှော် (သစ်စိမ်း) မြေဩဇာ  ထယ်ထိုး မြေမြှုပ်ခြင်း ဆောင်ရွက်နေမှုအား ကြည့်ရှုခဲ့ပြီး တောင်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံကာ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


မင်းဧက

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)