MNP ၊ ဇွန် ၁၃
ချင်းပြည်နယ်၊ ဟားခါးမြိုနယ်အတွင်း အမေရိကန်နိုင်ငံထုတ် ကာဘိုင်များ ကိုင်ဆောင်၍ အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်လျက်ရှိသော CDF အကြမ်းဖက်များ၏ ပွိင့် ၂၁၃၇ စခန်းကုန်းတစ်ခုအား ယမန်နေ့ နေ့လည် ၃နာရီခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက သိမ်းပိုက်ရရှိခဲ့ပြီး အကြမ်းဖက်သမား ၇ဦးကို အသေဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဟားခါးမြိုနယ်အတွင်း နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးအတွက် နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေသော လုံခြုံရေးအဖွဲဝင်များသည် CDF အကြမ်းဖက်သမားများ နေထိုင်လျက်ရှိသည့် ပွိင့် -၂၁၃၇ တောင်ကုန်းအား စစ်ကူပစ်ကူများဖြင့် လုံခြုံရေးအဖွဲဝင်များက အနီးကပ်ချဉ်းကပ်၍ ရွပ်ရွပ်ချွန်ချွန် ချေမှုန်းတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
အကြမ်းဖက်နှိမ်နင်းမှုဖြစ်စဉ်အတွင်း CDF အကြမ်းဖက်သမားများ ထွက်ပြေးတိမ်းရှောင်သွားကြပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် CDF အကြမ်းဖက်သမား ၇ဦးကို အသေဖမ်းဆီးရမိပြီး အမ်-၂၂ သေနတ် ၂ လက်၊ AK 47 သေနတ် ၁ လက်၊ - ၁၂ ဗို့ သေနတ် ၁ လက်၊ အမ်-၄ သေနတ် ၁ လက်၊ ကျည်အိမ် ၁၂ ခု၊ ကျည်ဆံမျိုးစုံ ၂၁၅ တောင့်၊ သစ်လုံးဘန်ကာ ၆ လုံး၊ ၁ ယောက်ပစ်ကျင်း ၈ ကျင်း၊ ၃ ယောက်ပစ်ကျင်း ၁ ကျင်း၊ ဆက်သွယ်ရေးမြောင်း ၁ ခု တို့အား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
#MyanmarNationalPost
No comments:
Post a Comment