ပေါင်မြို့နယ်Community Centre တွင် လျှပ်စီးလက်ခြင်း၊မိုးကြိုးပစ်ခြင်း အသိပညာပေး Talk Show ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်Community Centre တွင် လျှပ်စီးလက်ခြင်း၊မိုးကြိုးပစ်ခြင်း အသိပညာပေး Talk Show ပြုလုပ်



MNP ၊    ဇွန်   ၂၀

မွန်ပြည်နယ်၊  ပေါင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန တို့ပူးပေါင်း၍ လျှပ်စီးလက်ခြင်း၊မိုးကြိုးပစ်ခြင်း    အသိပညာပေး  Talk Show ဆွေး နွေးပွဲကို ယနေ့ နံနက် ပိုင်းက မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်း ပပြုလုပ်ခဲ့သည်။  


ရှေးဦးစွာမြို့နယ်ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်ဇာစိုး က အသိပညာပေး (TALK   SHOW) အစီအစဉ် ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးသည်။


ထို့နောက်  မြို့နယ်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ဒေါ်လဲ့လဲ့ထူးက မိုးကြိုးပစ်ခြင်းသည် မိုးကြိုကာလ (ဧပြီလနှင့်မေလ)နှင့်မိုးနှောင်းကာလ(အောက်တိုဘာလနှင့်နိုဝင်ဘာလ)များတွင်များသောအားဖြင့်ဖြစ်ပေါ်လေ့ရှိကြောင်း၊လျှပ်စီးလက်ခြင်းမဖြစ်မီကြိုတင်လုပ်ဆောင်ရန်အချက်များ၊လျှပ်စီးလက်မှုဖြစ်ပွားစဉ်မိမိအိမ်အတွင်းနေထိုင်ကြရန်၊လျှပ်စီးလက်မှုဖြစ်ပွားစဉ်အိမ်အပြင်တွင်ရှိနေလျှင်အဆောက်အအုံအတွင်းသို့ချက်ချင်းဝင်ရောက်ကြပါရန်၊လျှပ်စီးလက်ခြင်းဖြစ်ပွားပြီးနာရီဝက်ကြာ ဘေးကင်းလုံခြုံမှသာအပြင်ထွက်ကြပါရန်စသည့်အကြောင်းအရာများကို  ဆွေးနွေးခဲ့သည်။


ပေါင်မြို့နယ် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာများတိုးပွားစေရေးအတွက် ယခုကဲ့သို့ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များရိုက်ကူးထုတ်လွှင့်ခြင်းအပါအဝင် အသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျှက်ရှိပြီး Talk Show အစီအစဉ်များကို ပြည်သူများအကျိုးရှိစေမည့် သတ်မှတ် ခေါင်းစဉ်အလိုက် ရိုက်ကူးထုတ်လွှင့်ခြင်းအား လူထုအခြေပြုဗဟိုဌာနခန်းမ၌ လစဉ်ပုံမှန် ပြုလုပ်‌လျှက်ရှိကြောင်း သိရသည်။


 https://t.me/MyanmarNationalPost






No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)