မဟာအောင်မြေမြို့နယ် Community Centre ခန်းမ၌ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်‌ရေး အသိပညာပေး Talk Show ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မဟာအောင်မြေမြို့နယ် Community Centre ခန်းမ၌ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်‌ရေး အသိပညာပေး Talk Show ကျင်းပ



MNP ၊    ဇွန်   ၂၂

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်‌ရေးအသိပညာပေး Talk Show ကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုဘိုဟန်က မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်များနှင့် မူးယစ်‌ ဆေးဝါးသုံးစွဲမှုမရှိစေရန်၊ မူးယစ်ဆေးဝါး၏ အန္တရာယ်ကြီးမားပုံများကို ဆွေးနွေးမေးမြန်းရာ စာရေးဆရာကြီး သန်းစိုးအောင်က မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ မူးယစ်ဆေးဝါး အန္တရာယ်နှင့် မူးယစ်ဆေးဝါး၏ ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးများသည် နေရာအနှံ့ရောက်ရှိမလာအောင် နိုင်ငံတော်မှစီမံချက်များဖြင့် တားဆီးတိုက်ထုတ်နေသည့်အ‌ကြောင်း၊ မူးယစ်ဆေးဝါးသည် စိတ်ကိုထုံထိုင်းမူးဝေစေတတ်ပြီး မှတ်ဉာဏ်ချို့ယွင်းမှုများဖြစ်စေတတ်‌ကြောင်း၊ မူးယစ်‌ဆေးဝါးထဲမှ အရက်သေစာမူးယစ်ဆေးဝါးသုံးစွဲမှုကို တားမြစ်တဲ့ သိက္ခာပုဒ်ဆိုတဲ့ ငါးပါးသီလမှာပါတဲ့ သုရာမေရယ သိက္ခာပုဒ်ပါပြီး ဒါကလူ့ကျင့်ဝတ်သီလထဲမှာ အရေးကြီးဆုံးဖြစ်ကြောင်း၊ မကောင်းမှုများထွက်‌ပေါ်ရာလိုဏ်‌ ခေါင်း(သို့)အရင်းမြစ်ဖြစ်‌ကြောင်း၊ ဗုဒ္ဓဘာသာဝင်လူငယ်များသာမက မည်သည့်ဘာသာဝင်ဖြစ်စေ လူပီသပြီးတန်ဖိုးရှိတဲ့လူ‌တော် လူ ကောင်းတစ်ယောက်ဖြစ်ဖို့ဆိုလျှင် သုရာမေရယ မဇ္ဇပမာဒဌာနာဆိုတဲ့သိက္ခာပုဒ်ကိုလိုက်နာမှရမည်ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးကို လူငယ်၊လူရွယ်တွေ စတင်မသုံးစွဲမိစေရန် အထူးလိုအပ်ကြောင်း စသည့် သိကောင်းစရာများအား အကျယ်တဝင့်ရှင်းလင်းဆွေးနွေး ဟောပြောခဲ့သည်။


အောင်ဇော်မင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)