ပေါင်မြို့နယ်တွင်(၁၀၁)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ (ICA) Day အားကြိုဆိုဂုဏ်ပြုသောအားဖြင့် ရွေကိန္ဒရီစတိုး သမဝါယမအသင်းလီမီတက်မှ အသင်းသားများသို့ စာသုံးဆီများပေးဝေခြင်းအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်တွင်(၁၀၁)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ (ICA) Day အားကြိုဆိုဂုဏ်ပြုသောအားဖြင့် ရွေကိန္ဒရီစတိုး သမဝါယမအသင်းလီမီတက်မှ အသင်းသားများသို့ စာသုံးဆီများပေးဝေခြင်းအခမ်းအနားကျင်းပ







MNP ၊    ဇွန်   ၂၂

မွန်ပြည်နယ်၊ပေါင်မြို့နယ်တွင်(၁၀၁)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ (ICA) Day အားကြိုဆိုဂုဏ်ပြုသောအားဖြင့် ရွေကိန္ဒရီစတိုး သမဝါယမအသင်းလီမီတက်မှ အသင်းသားများသို့ စာသုံးဆီများပေးဝေခြင်းအခမ်းအနားကို သမဝါယမအသင်းစုခန်းမ၌ ယနေ့နေ့လယ် (၁)နာရီက ပြုလုပ်ခဲ့ကြောင်းသိရသည်။


အဆိုပါအခမ်းအနားတွင် အသင်းစု ‌ ဥက္ကဌဦးမြင့်အောင်ကယခုလိုအသင်းသားများကိုတွေ့ဆုံခွင့်ရရှိသည့်အတွက် အလွန်ဝမ်းမြောက်မိပါကြောင်း အသင်းသားများအား (ICA) Day ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် စာသုံးဆီ(၁)လီတာဗူးကို ပေးဝေသွားမှာဖြစ်ပါကြောင်း စိတ်ပါဝင်စားသူများအနေဖြင့် အသင်းဝင်များကိုဖိတ်ခေါ်ပါကြောင်း ဆွေးနွေးခဲ့ပါသည်။


အဆိုပါအခမ်းအနားသို့ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သိန်းသိန်းအေးနှင့် ဝန်ထမ်းများ၊ အသင်းစုဥက္ကဌနှင့်အမှုဆောင်များ ရွှေကိန္ဒရီအသင်းအမှုဆောင်နှင့် အသင်းသူ/အသင်းသားများ စုစုပေါင်းလူဦးရေ (၆၀)ဦးခန့်တက်ရောက်ခဲ့ကြောင်းသိရသည်။


 https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)