မြောက်ဦးခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မူးယစ်ဆေးဝါး တိုက်ဖျက် ရေးနေ့အထိမ်းအမှတ် Talk Show ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဦးခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မူးယစ်ဆေးဝါး တိုက်ဖျက် ရေးနေ့အထိမ်းအမှတ် Talk Show ပြုလုပ်




MNP ၊    ဇွန်   ၁၃

၂၀၂၃ ခုနှစ် ၊ ဇွန်လ (၂၆) ရက်နေ့တွင်ကျရောက်မည့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ ကိုကြို ဆိုဂုဏ်ပြုသောအားဖြင့်ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မှ ကျင်းပသော အသိပညာပေး Talk Show ကို ယနေ့ နေ့လယ်၁ နာရီအချိန်က မြောက်ဦးခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါ အသိပညာပေး Talk Show ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ နေ့စား ဝန်ထမ်း  ဦးစိုးငြိမ်းနိုင် က အသိပညာပေး Talk Show ကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး မူးယစ်ဆေးဝါးအကြောင်း ကို မေးမြန်းရာ  ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ အကြီးတန်းစာရေး ဦးတင်ဝင်း က မူးယစ်ဆေးဝါးတွင် အုပ်စု(၅) စုရှိပြီး မူးယစ်ဆေးဝါးသည် ဦးနှောက်နှင့်အာရုံကြောကို ထိခိုက်ထုံထိုင်းစေခြင်း၊ ကိုယ်ခန္ဓာကို တစ်နည်း နည်းဖြင့်ဘေးအန္တရာယ်ဖြစ်စေခြင်း၊သုံးစွဲသူသည် ဆေးဝါးအပေါ်စိတ်ရောကိုယ်ပါ စွဲလမ်းမှုဖြစ် စေခြင်း၊ ဆက်လက်မသုံးစွဲဘဲ မနေနိုင်အောင် ဖန်တီးထားသည့် ဆေးဝါးများဖြစ်ပါသည်။ မူးယစ် ဆေးဝါးများထဲမှ အရက်၏ဆိုးကျိုးသည် အစာအိမ်ရောင်ခြင်း၊ အစာအိမ်နာခြင်း၊ အစာအိမ်ကင် ဆာဖြစ်ခြင်း၊ အစာအိမ်သွေးကြာပေါက်ခြင်း၊ အသည်းအဆီဖုံးခြင်း၊ လေဖြတ်သည့်အထိ ဖြစ် တတ်ခြင်း၊ ကိုယ်ဝန်ဆောင်များ အရက်ကို သောက်သုံးမည်ဆိုပါက သန္ဓေသားကို ထိခိုက်စေ နိုင် ခြင်းတို့ ဖြစ်တတ်ပါသည်။


ဇွန်လ(၂၆) ရက်နေ့တွင် ကျရောက်မည့် မူးယစ်ဆေးဝါးတိုက်ဖျက်နေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသော လက်ကမ်းစာစောင်များ ကို ကျောင်းသား/ကျောင်းသူများ၊ပြည်သူများသိရှိစေရန်အတွက် ဖြန့်ဝေပေးခြင်း၊ အသိပညာပေး ဟောပြောခြင်း၊နံရံကပ်စာစောင်များနှင့် အကျယ်တဝင့်သိရှိစေရန် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။


မြင့်စိုး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)