တောင်ကုတ်မြို့၌ Youth Clubလူငယ်များနှင့် စာဖတ်ဝိုင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကုတ်မြို့၌ Youth Clubလူငယ်များနှင့် စာဖတ်ဝိုင်းကျင်းပ





MNP ၊    ဇွန်   ၁၃

ရခိုင်ပြည်နယ် ၊ တောင်ကုတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမ၌ စာရေးဆရာ အောင်သင်း ၏ နှလုံးသားကို လေးပေါ်တင်၍ ပစ်သောအခါစာအုပ်ဖြင့် စာဖတ်ဝိုင်း ကိုယနေ့ မွန်းလွဲ(၁)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။


ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်သန်းနု က စာဖတ်ဝိုင်းကျင်းပရသည့် ရည်ရွယ်ချက်များ အားရှင်းလင်းပြောကြားပြီးနောက် Youth Club အဖွဲ့ဝင် မောင်ဇင်မင်းခန့် က နှလုံးသားကိုလေးပေါ်တင်၍ပစ်သောအခါ စာစုကိုလည်းကောင်း ၊ မောင်ကျော်ဝေဖြိုး က စာတတ်ဖို့ စာဖတ်စို့ စာစုကိုလည်းကောင်း ၊ မအေးစုစုအောင် က လူငယ်နှင့်သည်းခံမှုစာကိုလည်းကောင်း ဖတ်ကြားဆွေးနွေးကြသည်။


ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ တောင်ကုတ်မြို့နယ်ရုံးအနေဖြင့် စာဖတ်သူတိုးပွား လာစေရန် ၊ ကျောင်းသား၊ကျောင်းသူလူငယ်များအချိန်ကို အကျိုးရှိစွာအသုံးပြုတတ်လာစေရန်နှင့် စာပေဖတ်ရှုခြင်းမှ ရရှိလာသည့် အသိပညာဗဟုတများ ကိုပြန်လည်မျှဝေဆွေးနွေးတတ်သည့် အလေ့အကျင့် ကောင်းများရရှိစေရန်ရည်ရွယ်ချက်များဖြင့် စာဖတ်ဝိုင်းများကို ဆောင်ရွက်လျက်ရှိကြောင်းနှင့် အဆိုပါ စာဖတ်ဝိုင်း ဆွေးနွေးပွဲ သို့ ကျောင်းသား၊ကျောင်းသူ(၁၂)ဦးတက်ရောက်ဆွေးနွေးခဲ့ကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)