ခိုလမ်မြို့ရုံး၊ (Community Centre) ခန်းမ၌ “ဒို့ကျေးရွာ” ဂျာနယ် အတွဲ-၂၀၊ အမှတ်-၁၁ မှ “ကမ္ဘာမြေကို ကာကွယ်ရန်ထိန်းသိမ်း‌ စောင့်ရှောက်ရမည့် သဘာဝ ပတ်ဝန်းကျင်” ဆောင်းပါးဖြင့် စာဖတ်ဝိုင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ခိုလမ်မြို့ရုံး၊ (Community Centre) ခန်းမ၌ “ဒို့ကျေးရွာ” ဂျာနယ် အတွဲ-၂၀၊ အမှတ်-၁၁ မှ “ကမ္ဘာမြေကို ကာကွယ်ရန်ထိန်းသိမ်း‌ စောင့်ရှောက်ရမည့် သဘာဝ ပတ်ဝန်းကျင်” ဆောင်းပါးဖြင့် စာဖတ်ဝိုင်းဆောင်ရွက်


MNP ၊    ဇွန်   ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့ရုံးတွင် “ဒို့ကျေးရွာ” ဂျာနယ် အတွဲ-၂၀၊ အမှတ်-၁၁ မှ “ကမ္ဘာမြေကို ကာကွယ်ရန်ထိန်းသိမ်း‌ စောင့်ရှောက်ရမည့် သဘာဝ ပတ်ဝန်းကျင်” ဆောင်းပါးဖြင့် ယနေ့နံနက်ပိုင်း ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူး‌‌ ဒေါ်ဖြူဖြူ‌သော်က ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ ဖြစ်ပေါ်လာပုံ၊ ကမ္ဘာမြေကြီး၏ ရေထု‌၊ လေထု၊ မြေထုသည် သက်ရှိသတ္တဝါအားလုံးအတွက် အရေးပါပုံ၊ သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးမှု မဖြစ်စေရန် ထိန်းသိမ်းကာကွယ်ရမည်မှာ လူသားတိုင်း၏ တာဝန်ဖြစ်ကြောင်းစသည်တို့ကို ဝန်ထမ်းများအား သိရှိနိုင်စေရန် ရှင်းလင်းဖတ်ကြားပေးခဲ့ကြောင်း သိရသည်။


အဆိုပါ စာဖတ်ဝိုင်း၌ “ဒို့ကျေးရွာ” ဂျာနယ် အတွဲ-၂၀၊ အမှတ်-၁၁ မှ “ကမ္ဘာမြေကို ကာကွယ်ရန်ထိန်းသိမ်း‌ စောင့်ရှောက်ရမည့် သဘာဝပတ်ဝန်းကျင်” ဆောင်းပါးကို ဝန်ထမ်းများက အသီးသီးဖတ်ကြားပြီး  သိရှိလိုသည်များ မေးမြန်းခြင်း၊ အပြန်အလှန်ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။


နေလင်းထွန်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)